၂၀၃၀ မှာ စီးပွားဖြစ် ဖြန့်ကျက်နိုင်တော့မှာပါ။

ပဉ္စမမျိုးဆက် ကွန်ရက်နည်းပညာ 5G ကို မိတ်ဆက်ဖို့အဆင်သင့်မဖြစ်သေးပေမယ့် တရုတ်နိုင်ငံကတောာ့ 5G အလွန် ကွန်ရက်နည်းပညာကို ရှေးရှုနေပြီ ဖြစ်ပါတယ်။



Photo: newsbeezer

 

ကြိုးမဲ့ဆယ်လူလာနည်းပညာရဲ့ ပထမ မျိုးဆက်ခေတ်ဟာ ၁၉၈၀ ပြည့်လွန်နှစ်များက စတင်ခဲ့တာပါ။ 1G နဲ့2G ကွန်ရက်အကြား ခြားနားမှုကတော့ analog ပေါ် အလုပ်လုပ်တာနဲ့digital ပေါ် အလုပ်လုပ်တာ ဖြစ်ပါတယ်။ 3G,4G ကွန်ရက်တွေပေါ်ကနေ ဆက်သွယ်နေတဲ့ ဒီခေတ်မှာတောင် 4G ထက် အဆပေါင်း ၁၀၀၀ ပိုမြန်တဲ့ 5G ကို နောက်နှစ်နှစ်လောက်မှ မြင်ရမှာပါ။

5G ရဲ့ နောက်မျိုးဆက်လို့ဆိုရမယ့် 6G ကွန်ရက်ကတော့ 5G ထက် လှိုင်းလွှတ်တဲ့နှုန်းဟာ ၁၀ ဆကျော်ပိုမြန်ပြီး download speed အနေနဲ့တစ်စက္ကန့်ကို 1TB အထိ ရှိမယ်လို့ဆိုပါတယ်။  ဒီကွန်ရက်နည်းပညာကို တရုတ်နိုင်ငံက သုတေသနလုပ်နေပြီလို့ဆိုပါတယ်။

တရုတ်နိုင်ငံ စက်မှုနဲ့သတင်းအချက်အလက် ဝန်ကြီးဌာန 5G နည်းပညာဌာနအကြီးအကဲ ဆူရှင်းကတော့ 6G wireless စနစ်ကို ဒီနှစ် မတ်လထဲမှာကတည်းက စပြီး သုတေသန လုပ်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး 6G စမ်းသပ်တဲ့ နိုင်ငံစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ နိုင်ငံအနေနဲ့တရားဝင် သုတေသနနဲ့ဖွံ့ဖြိုးရေးပိုင်းကိုတော့ ၂၀၂၀ မှာ စတင်သွားမှာ ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ စီးပွားဖြစ် အသုံးပြုနိုင်မယ်လို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

6G ကွန်ရက်သစ်ဟာ multidimensional လို့ခေါ်တဲ့ ဘက်ပေါင်းစုံက ဒီဇိုင်းနည်းပညာတွေ ၊ အာရုံခံစနစ်တွေပါဝင်တဲ့ 3D IoT ဒီဇိုင်းလိုမျိုး စမတ်နေ့စဉ်သုံး ပစ္စည်းတွေ ၊ အလိုအလျောက်မောင်းနှင်မှု စနစ်တွေ ၊ စမတ်မြို့တော်တွေအတွက် အကြီးအကျယ် အဆင့်မြင့်အောင် ပံ့ပိုးပေးနိုင်မယ့် ကွန်ရက်နည်းပညာ ဖြစ်ပါတယ်။

ဆဌမကွန်ရက် ပေါ်ပေါက်လာချိန်မှာ စမတ်အဝတ်အစားကနေ ကိုယ့်ကျန်းမာရေးကို ပြန်ကြည့်နိုင်သလို ၊ display နည်းပညာ ပါဝင်တဲ့ ရေဗူးများ ၊ AI ထောက်လှမ်းရေးစနစ်များနဲ့လုံခြုံမှုပေးတဲ့ နည်းပညာများလည်း ထွက်ပေါ်လာမှာပါ။

 

လက်ရှိမှာ အမေရိကန် ၊ ရုရှားနဲ့EU နိုင်ငံများဟာ 6G စနစ်များအတွက် မူကြမ်းဒီဇိုင်းနဲ့သုတေသနတွေ စတင်လုပ်ဆောင်ထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာပဲ အမေရိကန် တယ်လီကွန်းအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Charter Communications ဟာ 6G ဝန်ဆောင်မှုတွေ စမ်းသပ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က