Tech News: AI လုံခြုံရေးလုပ်ငန်းတစ်ခုကို ဒေါ်လာ သန်း ၂၀ ဝန်းကျင်နဲ့ Amazon ဝယ်ယူ

Cloud ဝန်ဆောင်မှုပိုင်းကို ကာကွယ်ဖို့ ဝယ်လိုက်တာပါ။

Amazon ကုမ္ပဏီဟာ Harvest.ai လို့ ခေါ်တဲ့ ဆန်ဒီယာဂိုမှ AI လုပ်ငန်းတစ်ခုကို ဒေါ်လာ သန်း ၂၀ ( ပေါင် ၁၇ သန်းခန့် ) နဲ့ ဝယ်ယူလိုက်တယ်လို့ TechCrunch သတင်းမှာ ဖော်ပြထားပါတယ်။

ဒီလုပ်ငန်းကိုတော့ Amazon ရဲ့ cloud services အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ Amazon Web Services ကနေ ဝယ်ခဲ့တာ လို့ သိရပါတယ်။

နိုင်ငံတော်လုံခြုံရေး အေဂျင်စီ NSA မှ ဝန်ထမ်းဟောင်းနှစ်ဦး တည်ထောင်ခဲ့တဲ့ Harvest.ai ဟာ ကုမ္ပဏီတွေရဲ့ အချက်အလက်များ ရှာဖွေခြင်းနဲ့ အင်တာနက်လုံခြုံရေးပိုင်းကို အထောက်အကူပြုနိုင်တဲ့ နည်းပညာကို တာဝန်ယူပေးပါတယ်။

play

 

Harvest.ai ဟာ machine learning နဲ့ AI ကို သုံးပြီး ကုမ္ပဏီဆာဗာမှ အရေးကြီးသည့် စာရွက်စာတမ်းများ နဲ့ ဥာဏပိုင်ဆိုင်မှုများကို မဆိုင်သူတစ်ယောက်ယောက်မှ ဝင်ဖောက်ဖို့ ကြိုးစားတဲ့အခါ သိရှိကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

သတင်းအရ ယခုကုမ္ပဏီကို Amazon မှ ဒေါ်လာ ၁၉ သန်း (ပေါင် ၁၆ သန်း) နဲ့ ပေးဝယ်ခဲ့တာပါ။ Harvest.ai မှ ဝန်ထမ်း ၁၂ ယောက်ဟာ Amazon ရဲ့ ရုံးချုပ်တည်ရှိရာ ဆီယက်တဲလ်မြို့ ကို ပြောင်းရွေ့ တာဝန်ထမ်းဆောင်တော့မယ်လို့ သိရပါတယ်။

Source: Business Insider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ