Instagram မှာပါ အသုံးပြုသွားမှာပါ

Facebook ကတော့ hate speech ကို တိုက်ဖျက်နိုင်မယ့် လက်နက်သစ်တစ်ခု ရှိနေပြီလို့ဆိုပါတယ်။

CodeBlog_penguinG5.png

Photo: Facebook blog

 

Rosetta ဆိုတဲ့ ကုဒ်နာမည်နဲ့ Artificial Intelligence System သစ်တစ်မျိုးကို Facebook ဟာ ဒီနေ့ပဲ မိတ်ဆက်လိုက်တာ ဖြစ်ပြီး ဒီနည်းပညာဟာ လူမှုကွန်ရက်ပေါ် နေ့စဉ် တက်လာနေတဲ့ ဓါတ်ပုံနဲ့ဗွီဒီယို သန်းထောင်ပေါင်းများစွာကို ဖတ်ရှုနားလည်နိုင်မှာပါ။

machine learning နည်းပညာသုံးထားတဲ့ ဒီစနစ်ဟာ ပုံနဲ့ဗွီဒီယိုတွေမှာ ပါတဲ့ text စာသားတွေကို identify လုပ်ပြီး screen reader တွေအဖြစ် ပြန်ပြောင်းပေးမယ်လို့Facebook က ကြေငြာပါတယ်။

ဒီစနစ်သစ်ဟာ Facebook ပေါ်က အမုန်းစကား စည်းမျဉ်းများကို ချိုးဖောက်ရာရောက်တဲ့ cotents တွေကို လွယ်လင့်တကူ ရှာပေးနိုင်မယ်လို့ဆိုပါတယ်။ ပုံမှန်အားဖြင့် ကွန်ပျူတာတွေဟာ OCR လို့ခေါ်တဲ့ ပုံတွေ ၊ ဗွီဒီယိုတွေထဲက မြင်သာတဲ့ အချက်အလက်တွေကို သိမှတ်နိုင်တဲ့ နည်းလမ်း သုံးတာပါ။

Facebook မှာတော့ တစ်လတစ်လကို လူပေါင်း သန်း ၂၂၀၀ ကျော်ကနေ ပို့စ်တွေ ဗွီဒီယိုနဲ့ပုံတွေ တင်ကြတာ ဖြစ်လို့Facebook ဟာ OCR ကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်အလုပ်လုပ်ခိုင်းနိုင်မယ့် AI system တစ်ခုကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။

Facebook ရဲ့ Rosetta AI system ဟာ Facebook ပေါ်တင်မကဘဲ Instagram ပေါ်မှာပါ သုံးသွားနိုင်မှာပါ။ ဒီနည်းနဲ့news feed ပေါ် ရောက်လာတဲ့ ပုံတွေနဲ့contents တွေကို ပိုပြီး ရှာဖွေပေးနိုင်မှာ ဖြစ်ပါတယ်။ Rosetta ဟာ ဘီလျံပေါင်းများစွာ ရှိတဲ့ ပုံတွေ ၊ ဗွီဒီယိုတွေထဲက ဘာသာစကားပေါင်းစုံနဲ့စာတွေကို text အဖြစ် ပြန်ဆွဲထုတ်မှာပါ။

Photo: Facebook blog

 

Facebook ဟာ မကြာသေးမီက အူရဒူနဲ့နီပါလီဘာသာစကားအပြင် ဘာသာစကားသစ် ၂၄ မျိုးကို ဘာသာပြန်စနစ်မှာ ထည့်သွင်းထားတာ ဖြစ်လို့အခုချိန်မှာ ဘာသာစကားပေါင်း ၁၂၅ မျိုးကို ဖတ်ရှုနိုင်ပြီလို့ဆိုပါတယ်။

ဒီနည်းပညာဟာ အမုန်းစကား ဟန့်တားရေး မူကို ချိုးဖောက်တဲ့ contents များကို အလိုအလျောက် သိရှိနိုင်တာကြောင့် ထိရောက်မှု ရှိမယ်လို့ဆိုပါတယ်။ Rosetta ကို အခုချိန်ကစပြီး အသုံးပြုသွားမှာ ဖြစ်ပြီး နေ့စဉ် Facebook နဲ့Instagram တို့ပေါ်မှ ပုံနဲ့ဗွီဒီယိုဖိုင်ပေါင်း သန်း ၁ ထောင်က စာသားတွေကို ဆွဲထုတ် စိစစ်နိုင်တော့မှာ ဖြစ်ပါတယ်။

မကြာသေးမီက မြန်မာ ၊ သီရိလကာၤနဲ့အိန္ဒိယတို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများမှာ Facebook ဟာ ပျက်ကွက်မှု ရှိခဲ့တယ်လို့စွပ်စွဲခံခဲ့ရပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ အကြမ်းဖက်မှုကို ဦးတည်တဲ့ မှားယွင်းတဲ့ အချက်အလက်များ ကို ဖယ်ရှားသွားတော့မယ်လို့ကြေငြာခဲ့ပါတယ်။

 

 သြဂုတ်လထဲမှာတော့ မြန်မာနိုင်ငံမှ စစ်တပ်အကြီးအကဲများအပါအဝင် အကောင့် ၁၈ ခုနဲ့page ပေါင်း ၅၂ ခုတို့ကို Facebook ဟာ စတင် ပိတ်သိမ်းခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က