ဘုတ်အဖွဲ့ဒါရိုက်တာအဖြစ် ရှိဦးမှာပါ

တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို ဒေါ်လာ ဘီလျံ၄၂၀ ကျော်တန် Alibaba လုပ်ငန်းစုကြီးကို ဦးဆောင်ခဲ့သူ ဂျက်မားဟာ အငြိမ်းစား ယူတော့မယ်လို့ကြေငြာလိုက်ပါတယ်။

Alibaba-Group-Holding-Ltd-1.jpg

Photo: Market Exclusive

 

အသက် ၅၃ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ဂျက်မားဟာ ပညာရေးဆိုင်ရာ ပရဟိတလုပ်ငန်းများကို ဇောက်ချလုပ်ကိုင်နိုင်ဖို့အခုလို အနားယူဖို့ဆုံးဖြတ်လိုက်တာလို့ဆိုပါတယ်။ ဂျက်မားဟာ လွန်ခဲ့တဲ့ ၁၈ နှစ်ခန့်(၁၉၉၉ ခုနှစ်က) Alibaba ကို သူငယ်ချင်း ၁၇ ယောက်နဲ့မိသားစုဝင်များနဲ့ပူးပေါင်းတည်ထောင်ခဲ့သူ ဖြစ်ပါတယ်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို သုံးကြိမ်မြောက်မှ ဝင်ခွင့်ရခဲ့တဲ့ ဂျက်မားဟာ KFC အပါအဝင် အလုပ်ပေါင်း တစ်ဒါဇင်ကျော်ရဲ့ အငြင်းပယ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ကို လျှောက်ထားရာမှာ ၁၀ ကြိမ်အထိ ပယ်ချခံခဲ့ပါတယ်။ ဟန်ရှိုးပြည်နယ်သား ဂျက်မားဟာ ၁၉၈၈ ခုနှစ်မှာ ဘွဲ့ရပြီးနောက် ဒေသတွင်း တက္ကသိုလ်တစ်ခုမှာ တစ်လ ၁၂ ဒေါ်လာနဲ့အင်္ဂလိပ်စာပြ ဆရာလေးဘဝကို ဖြတ်သန်းခဲ့ပါတယ်။

Alibaba တည်ထောင်ဖြစ်တဲ့ ပုံကလည်း ခပ်ဆန်းဆန်းပါ။ ၁၉၉၅ ခုနှစ်က အမေရိကန်ရောက်မှ အင်တာနက် သုံးဖူးတဲ့ ဂျက်မားဟာ အွန်လိုင်းမှာ Beer လို့ရှာလိုက်ရာကနေ တရုတ်ဘီယာကို ရှာမတွေ့ခဲ့ခြင်းကြောင့် တရုတ်ပြည်အတွက် အင်တာနက်ကုမ္ပဏီတစ်ခုတော့ လိုအပ်နေတာကို သဘောပေါက်ခဲ့တယ်လို့ဆိုပါတယ်။ ဒီနောက်မှာတော့ အခက်အခဲပေါင်းများစွာနဲ့Alibaba လုပ်ငန်းစုကို တည်ထောင်ခဲ့တာပါ။

၂၀၁၄ ခုနှစ်ထဲမှာ ကုမ္ပဏီကို အများပိုင်ပြောင်းလိုက်ပြီးနောက် ၂၅ ဘီလျံနဲ့ကမ္ဘာ့အကြီးဆုံး စတော့ဈေးကွက်ကြီး ဖြစ်သွားပါတယ်။ တရုတ်ပြည်မှ ဂျက်ဖ်ဘီဇော့စ်လို့တင်စားခံရတဲ့ ဂျက်မားဟာ အာရှမှာ အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ပြီး Alibaba ရဲ့ ရှယ်ယာ ၇.၈% ကို ပိုင်ဆိုင်ပါတယ်။ လက်ရှိအချိန် ဂျက်မားရဲ့ ပိုင်ဆိုင်မှု ဓနဥစ္စာ တန်ဖိုးဟာ အသားတင် ဒေါ်လာ ဘီလျံ ၄၀ ကျော် မယ်လို့ဆိုပါတယ်။

Photo: CNET

 

ဂျက်မားအနေနဲ့Alibaba ရဲ့ အလုပ်တာဝန်များကနေ အငြိမ်းစား ယူတော့မယ်လို့ကြေငြာထားပေမယ့် ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဒါရိုက်တာစာရင်းမှာတော့ ရှိနေဦးမှာပါ။  သူတည်ထောင်ခဲ့တဲ့ Alibaba ကတော့ ဖောက်သည်ပေါင်း သန်း ၅၀၀ ကျော် ရှိထားပြီး ဒစ်ဂျစ်တယ် ငွေပေးချေမှု ၊ အွန်လိုင်း ဘဏ်စနစ် ၊ cloud computing ၊ ဒစ်ဂျစ်တယ် မီဒီယာနဲ့ဖျော်ဖြေရေး လုပ်ငန်းများ လုပ်ဆောင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က