Shop.com.mm ကနေ ကြီးမှူးသွားမှာပါ

တရုတ်နိုင်ငံရဲ့ အကြီးဆုံး အွန်လိုင်းဈေးရောင်းပွဲတော်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၁ ရက် Sale Day ဈေးရောင်းပွဲတော်ကို Alibaba မှ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမယ်လို့ဆိုပါတယ်။



aliexpress-singles-day.jpg

Photo: BGR

 

11.11 The World's Biggest Sale Day ဈေးပွဲတော်ဟာ တရုတ်နိုင်ငံရဲ့ လူပျို/အပျိုကြီးများနေ့(Singles Day) ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး အွန်လိုင်း shopping day တစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပမယ့် ဒီပွဲကိုတော့ Alibaba ပိုင် Shop.com.mm မှ ဦးဆောင်ပြုလုပ်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။

တရုတ်နိုင်ငံရဲ့ အကြီးဆုံး eCommerce လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Alibaba ဟာ ယခုနှစ် မေလဆန်းပိုင်းက Daraz Group ကို ဝယ်ယူခဲ့တာပါ။ Daraz Group ကို Alibaba မှ ဝယ်ယူလိုက်ပြီးနောက် Shop.com.mm ရဲ့ လုပ်ငန်းစဉ်များဟာ Alibaba Group ရဲ့ ဦးဆောင်မှုနဲ့လည်ပတ်သွားမှာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက် Singles Day နေ့ဈေးပွဲတော်ဟာ Alibaba ပလက်ဖောင်းအတွက် စံချိန်တင် ရောင်းအားမြင့်တဲ့ နေ့တစ်နေ့လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်က Singles Day မှာ Alibaba ရဲ့ ရောင်းအားဟာ ဒေါ်လာ ၅.၈ ဘီလျံရှိခဲ့ပြီး ၂၀၁၄ နဲ့၂၀၁၅ မှာ ဒေါ်လာ ၉.၃ ဘီလျံနဲ့ဒေါ်လာ ၁၄.၃ ဘီလျံဖိုး ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က Alibaba ရဲ့ Singles Day နေ့၁၂ နာရီအတွင်း ရောင်းအား ဒေါ်လာ ၁၈ ဘီလျံကျော်ခဲ့ပြီး တစ်ရက်တာဈေးပွဲတော် ရောင်းအားဟာ ဒေါ်လာ ၂၅.၄ ဘီလျံအထိ စံချိန်တင် ရရှိခဲ့ပါတယ်။ 

Photo: Reuters

 

Alibaba ဟာ ပါကစ္စတန်အခြေစိုက် Daraz Group ကို ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့က ဝယ်ယူသွားခဲ့တာ ဖြစ်ပြီး Daraz Group ဟာ လူပေါင်း သန်း ၄၆၀ ကျော် ရှိထားတဲ့ ပါကစ္စတန် ၊ သီရိလကာၤ ၊ မြန်မာ ၊ ဘင်္ဂလားဒေ့ရှ်နဲ့နီပေါတို့မှာ လုပ်ငန်းလည်ပတ်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က