သက်ရှိထင်ရှား ကမ္ဘာ့သူကြွယ်များစာရင်းမှာ Amazon တည်ထောင်သူနဲ့ CEO ဂျက်ဖ်ဘီဇော့စ်လောက် ချမ်းသာသူ မရှိတော့ပါဘူး။ Bloomberg စစ်တမ်းအရ ဂျက်ဖ်ဘီဇော့စ်ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၁၀၅.၁ ဘီလျံ ရှိနေပြီ လို့ ဆိုပါတယ်။

play

 

၂၀၁၇ တစ်နှစ်တာအတွင်း Amazon ရဲ့ စတော့ခ်ရှယ်ယာတန်ဖိုး ၅၇% နီးပါး ခုန်တက်သွားပြီးနောက် ဘီဇော့စ်ရဲ့ ပိုင်ဆိုင်မှု ဓနဥစ္စာဟာ အခုလို ဒေါ်လာ ဘီလျံ ၁၀၀ ကျော်သွားတာ ဖြစ်ပါတယ်။ Amazon ရဲ့ ရှယ်ယာတန်ဖိုးဟာ ဒီနေ့ အထိ ဆက်တိုက် ထိုးတက်နေဆဲ ဖြစ်ပြီး အားလပ်ရက်ကာလ အွန်လိုင်းလက်လီဈေးကွက်ကို ပုံမှန် ကြီးစိုးထားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာအားလပ်ရက်ကာလအတွင်း Amazon ဟာ ကမ္ဘာ့အွန်လိုင်းအရောင်းဈေးကွက်တစ်ခုလုံးရဲ့ ၈၉% ထိ လွှမ်းမိုးထားနိုင်ခဲ့တာပါ။

လက်ရှိကမ္ဘာ့သူကြွယ်ကြီးများမှာတော့ ဒေါ်လာ ၉၃ ဘီလျံချမ်းသာတဲ့ ဘီလ်ဂိတ်စ်လည်း ဘီဇော့စ်ရဲ့ ပိုင်ဆိုင်မှုကို မမှီနိုင်တော့ပါဘူး။ ဒီနေရာမှာ Bloomberg သုံးသပ်ချက်အရ တကယ်လို့ ဘီလ်ဂိတ်စ်သာ သူ့ ပိုင်ဓနဥစ္စာများကို လှူဒါန်းမှု မလုပ်ခဲ့ဘူးဆိုရင်တော့ အခုချိန် ဘီလ်ဂိတ်စ်ရဲ့ ကြွယ်ဝမှုဟာ ဒေါ်လာ ၁၅၀ ဘီလျံကျော် ချမ်းသာမယ်လို့ ဆိုပါတယ်။ ၁၉၉၄ ခုနှစ်ကနေ ဒီနေ့ အထိ ဘီလ်ဂိတ်စ်ရဲ့ လှူဒါန်းမှုဟာ ဒေါ်လာ ၃၅ ဘီလျံနီးပါး ရှိပြီ ဖြစ်သလို ပိုင်ဆိုင်မှုစုစုပေါင်းရဲ့ ၅% ကိုလည်း လူမှုရေးအဖွဲ့ အစည်းများအတွက် မကြာသေးမီကပဲ လှူဒါန်းခဲ့တာပါ။

play

 

နောက်ဆုံးရ အချက်အလက်များအရ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်များသတ်မှတ်ချက်မှာ Berkshire Hathaway ရဲ့ CEO ဝါရင်းဘက်ဖတ်က ဒေါ်လာ ၈၇.၂ ဘီလျံ နဲ့ တတိယနေရာမှာ ရှိပြီး Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်ကတော့ ဒေါ်လာ ၇၇.၅ ဘီလျံနဲ့ ကမ္ဘာ့စတုတ္ထအချမ်းသာဆုံး နေရာမှာ ရှိနေပါတယ်။ သူ့ နောက်မှာတော့ စပိန်မှ Zara ဖက်ရှင်စတိုးဆိုင်များ တည်ထောင်ခဲ့သူ အာမန်စီယို အော်တီဂါ (ဒေါ်လာ ၇၆ ဘီလျံ) နဲ့ မက္ကဆီကန် စီးပွားရေးလုပ်ငန်းရှင် ကားလို့ စ်စလင်း (ဒေါ်လာ ၆၄.၁ ဘီလျံ) စီနဲ့ အစဉ်တိုင်း ရပ်တည်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video