AD
AD
AD

ကမ္ဘာ့ပထမဆုံး အရောင်းစာရေးမပါ ကိုယ်တိုင်ဝယ်ယူပြီး app ကနေ ကျသင့်ငွေပေးရတဲ့ Amazon Go စတိုးကို ဆန်ဖရန်စစ္စကိုနဲ့ ချီကာဂိုမြို့ များမှာ ဆက်လက်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။

play

 

Amazon Go App ကို သုံးပြီး ချက်ချင်းဝင်ဝယ် ၊ ပြန်ထွက်လုပ်နိုင်တဲ့ နည်းပညာကို Amazon Go စတိုးဆိုင်မှာ ယခုနှစ်ဆန်းပိုင်းက စတင်အသုံးပြုခဲ့တာပါ။ ဒီစတိုးဆိုင်မှာတော့ ကင်မရာများဟာ ဆိုင်ထဲ ရောက်လာသူရဲ့ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပေးနိုင်ပြီး စင်ပေါ်က ပစ္စည်းတစ်ခုခုကို ကောက်ယူလိုက်တာနဲ့ အာရုံခံ Sensors စနစ်များကနေ အလိုအလျောက် မှတ်သားသွားမှာပါ။ ပစ္စည်းဖိုး ကျသင့်ငွေကိုလည်း ဈေးဝယ်သူရဲ့ Amazon အကောင့်ထဲကနေ ချက်ချင်း ဖြတ်သွားမှာ ဖြစ်ပါတယ်။

ဈေးဝယ်သူတွေနဲ့  ဆက်ဆံစရာမလိုပေမယ့် လူဝန်ထမ်းတွေဟာ စင်ပေါ်က ပစ္စည်းဖြည့်တာ ၊ ဝိုင်ပုလင်းတွေအတွက် ID စစ်တာနဲ့ လုံခြုံရေးပေးတာတွေအတွက်တော့ ရှိနေဦးမယ်လို့ ဆိုပါတယ်။ Amazon စတိုး မော်ဒယ်ကို ၂၀၁၆ ဒီဇင်ဘာလ ၅ ရက်နေ့ က Amazon ဝန်ထမ်းများအတွက် စမ်းသပ်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး လူထုအတွက်ဝန်ဆောင်မှုပေးတာကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဆီယက်တဲလ်မှာ စတင်ခဲ့တာလည်း ဖြစ်ပါတယ်။

 

Amazonဟာ ယခုနှစ်အတွင်း အမေရိကန်မြို့ ပေါင်း ၆ မြို့ မှာ Amazon Go ဆိုင်ပေါင်း ၆ ဆိုင်အထိ ဖွင့်လှစ်သွားဖို့ လည်း စီစဉ်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD