အင်္ဂလိပ်စကားတစ်မျိုးတည်းနဲ့ဖြန့်ချိထားတာပါ

တကယ်တမ်း ပါကင်ဆန်လိုမျိုး အရိုးအကြောမသန်စွမ်းသူများအတွက် ရည်ရွယ်ပြီး ထုတ်လိုက်တာ ဆိုပေမယ့် ဒီ app ကို ဘယ်သူမဆို သုံးနိုင်မှာပါ။

voice_access.0.jpg

Photo: The Verge

 

အန်းဒရိုက်ဖုန်းတွေမှာပဲ သုံးနိုင်မယ့် Voice Access ဆိုတဲ့ ဒီ app ဟာ အသံနဲ့စာရေးတာ ၊ app တွေ ဖွင့်တာ အပြင် Google Assistant  သုံးပြီး ဖုန်းကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ Voice Access app ရဲ့ ထူးခြားမှုက ခလုတ်တွေ tap နှိပ်တာ ၊ screen ပေါ် ဟိုသွားဒီသွား လုပ်တာ ၊ app ကို control လုပ်တာကအစ အသံနဲ့တင် လုပ်ဆောင်နိုင်တာပါပဲ။

ဒီ app ဟာ OK Google လို့စပြောပြီး အသံနဲ့စေခိုင်းနိုင်မှာပါ။ ကင်မရာ app တစ်ခုကို ဖွင့်ချင်တယ်ဆိုရင် Open Camera ဆိုပြီး ဖွင့်နိုင်မှာ ဖြစ်ပါတယ်။ ဒီ interface ဟာ ဂဏန်းနံပါတ်တွေနဲ့အလုပ်လုပ်တာ ဖြစ်လို့Voice Access ကနေ မက်ဆေ့တစ်ခု ရေးမယ်/ ပြင်မယ်ဆိုရင် အဲဒီ Voice Access ကနေ သတ်မှတ်ပေးထားတဲ့ နံပါတ်ကို click လို့ပြောပြီး ရေးနိုင် / ပြင်နိုင်မှာပါ။

တကယ်လို့ကိုယ်ရေးထားတဲ့ မက်ဆေ့ကို ပြန်ပြင်ချင်တယ်ဆိုရင် စာရေးပြီးတာနဲ့undo သို့မဟုတ် stop listening လို့ပြောပြီး ပြန်ဖျက်နိုင်ပါတယ်။

လောလောဆယ်မှာတော့ အင်္ဂလိပ်စကား တစ်မျိုးတည်းနဲ့ပဲ command ပေးနိုင်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ တစ်ခြားဘာသာစကားတွေ ထပ်ထည့်သွားမယ်လို့ဆိုပါတယ်။

 

Voice Access ဟာ သာမန်လူကောင်းတွေမှာလည်း သုံးနိုင်ပြီး အလုပ်များနေချိန်မှာ အသံနဲ့ WiFi ဖွင့်ဖို့၊ အသံချဲ့ဖို့နဲ့app တွေ အဖွင့်အပိတ်လုပ်ဖို့ပါ ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။ Android Version အနေနဲ့ပဲ ထွက်ထားတာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က