Play Store ကတော့ တရုတ်ဈေးကွက်နဲ့အလှမ်းဝေးဆဲပါ

ဝင်ငွေအရ ကြည့်ရင် Google Play Store ဟာ Apple ရဲ့ App Store ကို ယှဉ်မရပေမယ့် ဈေးကွက်အရ Google ဟာ ပိုပြီး ကျယ်ပြန့်နေပါတယ်။

1h-2018-app-revenue-worldwide.png

photo: Tech Crunch

 

App တွေ ရောင်းကြတဲ့ ဒစ်ဂျစ်တယ် ပလက်ဖောင်းနှစ်ခုရဲ့ ပြီးခဲ့တဲ့ ၆ လဝင်ငွေကို Sensor Tower မှ အစီရင်ခံစာ ထုတ်ပြန်ထားတာပါ။ ဒီအစီရင်ခံစာအရ App Store ရဲ့ ၂၀၁၈ ပထမ နှစ်ဝက် ဝင်ငွေဟာ ၂၂.၆ ဘီလျံရှိခဲ့ပြီး Google Play ကတော့ ဒေါ်လာ ၁၁.၈ ဘီလျံပဲ ရှိခဲ့တယ်လို့ဆိုပါတယ်။ 

ဒေါင်းလုပ်ဆွဲတဲ့ ပမာဏဘက်က ကြည့်မယ်ဆိုရင်တော့ ပထမ ၆ လအတွင်း App Store ပေါ် ဒေါင်းလုပ်ဆွဲတဲ့ အရေအတွက်ဟာ Google Play Store ရဲ့ ထက်ဝက်ကျော် ပိုနည်းနေတာပါ။ ၂၀၁၈ ပထမ ၆ လအတွင်း App Store နဲ့Google Play Store နှစ်ခုပေါင်း ဝင်ငွေဟာ ဒေါ်လာ ၃၄.၄ ဘီလျံ ဖြစ်ခဲ့ပြီး အရင်နှစ်တွေကထက် ၂၇.၈% (ဒေါ်လာ ၂၆.၉ ဘီလျံ) မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၆ လအတွင်း app stores များပေါ်ကနေ ဂိမ်းဒေါင်းလုပ်ဆွဲမှုဟာ ၁၉.၁% တိုးတက်လာပြီး ဝင်ငွေအရ ၇၈% အထိ မြင့်တက်လာခဲ့တာပါ။ ဂိမ်းဝင်ငွေအရ App Store ဟာ ဒေါ်လာ ၁၆.၃ ဘီလျံနဲ့Google Play Store က ၁၀.၃ ဘီလျံ ရရှိခဲ့ပြီး Tencent ထုတ် Honor of Kings ၊ Mixi မှ Monster Strike နဲ့Sony Aniplex မှ Fate/Grand Order တို့ဟာ ဒီပလက်ဖောင်း ၂ ခုစလုံးမှာ ဝင်ငွေအမြင့်ဆုံး ဂိမ်းတွေအဖြစ် ရပ်တည်ထားပါတယ်။

Apple ဟာ အန်းဒရိုက်ဈေးကွက်ကြီးကို ဦးစီးနေတဲ့ Google ကို play store ဝန်ဆောင်မှုမှာ ကျော်ဖြတ်နိုင်တာဟာ အံ့အားသင့်စရာ ဖြစ်နေပါတယ်။ တစ်ဘက်ကလည်း Google ဟာ ကမ္ဘာ့အကြီးဆုံး အန်းဒရိုက်ဈေးကွက်ကြီး ဖြစ်တဲ့ တရုတ်နိုင်ငံအတွင်း Apple လို ဝန်ဆောင်မှု ပေးခွင့်မရသေးတာကလည်း ဈေးကွက်မှာ Apple ကို ယှဉ်ဖို့ခက်တဲ့ အကြောင်းရင်းတစ်ခုလို့ဆိုရမှာပါ။

ပြီးခဲ့တဲ့နှစ်ဝက်အတွင်း Apple ရဲ့ ထုတ်ပြန်ချက်အရ Apple ဟာ App Store ဆီကနေ ၃၀% ပဲ ဝင်ငွေရခဲ့ပြီး iOS developers များကိုတော့ ၇၀% ပေးရတယ်လို့ဆိုပါတယ်။ ၂၀၁၇ နှစ်ကုန်ပိုင်းက စပြီး Apple ဟာ App Store မှာ iOS app တွေကို pre order မှာယူနိုင်တဲ့ feature သစ် ထည့်သွင်းထားပါတယ်။

photo: MacRumors

 

လက်ရှိမှာ App Store ကို နိုင်ငံပေါင်း ၁၅၅ နိုင်ငံမှာ အသုံးပြုနေကြပြီး Google ကတော့ နိုင်ငံပေါင်း ၁၄၅ နိုင်ငံကျော်မှာ သုံးနိုင်

Share

Loading Next Article...
က္က