စံချိန်တင်ရောင်းအား ရှိလာခဲ့တာပါ

Huawei စမတ်ဖုန်းရောင်းအားဟာ တစ်ကမ္ဘာလုံးက iPhone ရောင်းအားထက် အနည်းဆုံး ၁၀ သန်းကျော်ခဲ့ပါပြီ။

01 apple.jpg

Photo: canalys

 

၂၀၁၈ ပြက္ခဒိန်ရဲ့ ဒုတိယ ၃ လပတ်ဖြစ်တဲ့ ဧပြီ ၊ မေ ၊ ဇွန် သုံးလ ကမ္ဘာ့စမတ်ဖုန်းရောင်းအားစာရင်းကို IDC က ထုတ်ပြန်ရာမှာ Apple ဟာ iPhone အလုံးရေ ၄၁.၃ သန်းပဲ ရောင်းချနိုင်ခဲ့ပြီး Huawei ကတော့ ၅၄.၂ သန်းအထိ ရောင်းထွက်ခဲ့တာပါ။ iPhone ရောင်းအားဟာ ၂၀၁၇ ကာလတူထက် ရောင်းအားအနည်းငယ်တက်ခဲ့တာကြောင့် iPhone ရောင်းအား ကျတာမဟုတ်ဘဲ Huawei က ရောင်းအားထိုးတက်လာတာလို့ ပြောရမှာ ဖြစ်ပါတယ်။

IDC နိုင်ငံတကာ ဒေတာကော်ပိုရေးရှင်းရဲ့ အချက်အလက်သစ်များအရ Apple ရဲ့ စမတ်ဖုန်းဈေးကွက်ဝေစုဟာ ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်အတွင်း ဈေးကွက်ဝေစုဟာ ၁၂.၁% ပဲ ရခဲ့တာပါ။ အရင်နှစ်ကာလတူ ဒုတိယယသုံးလပတ်က ဈေးကွက်ဝေစု ၁၁%ပဲ ရှိခဲ့တဲ့ Huawei ကတော့ ဒီနှစ်မှာ ၁၅.၈% ထိ ခုန်တက်လာပြီး Samsung ပြီးရင် ရောင်းအားအကောင်းဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်လာပါတယ်။

၂၀၁၈ ဒုတိယသုံးလပတ် စမတ်ဖုန်းဈေးကွက်အတွင်း Huawei ဟာ နှစ်စဉ် စမတ်ဖုန်းရောင်းအား ၄၀.၉% ထိ တက်လာပြီး Xiaomi ကတော့ ၄၈.၈% နဲ့နှစ်စဉ် ရောင်းအား အကောင်းဆုံး စမတ်ဖုန်းကုမ္ပဏီနေရာမှာ ရပ်တည်နေတာပါ။ Samsung ကတော့ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းကုမ္ပဏီစာရင်းမှာ ထိပ်ဆုံးက ရှိနေပေမယ့် စမတ်ဖုန်းအရောင်းတက်မှုဟာ ၁၀.၄% ကို ကျဆင်းလာနေပါတယ်။

Huawei ရဲ့ sub-brand တစ်ခု အဖြစ် လူသိများတဲ့ Honor series ထုတ်ကုန်တွေဟာ တရုတ်နိုင်ငံပြင်ပဈေးကွက်တွေမှာ အလုံးရေ ၄ သန်းနီးပါး ရောင်းထွက်ခဲ့ပြီး Huawei ရဲ့ ရောင်းအားအကောင်းဆုံး brand တစ်ခုအဖြစ် ရှိနေတာပါ။ အရင် ၂၀၁၇ ဒုတိယသုံးလပတ်က အလုံးရေ ၃၈.၅ သန်းကနေ ၁၆ သန်းနီးပါး ပိုရောင်းခဲ့တဲ့ထဲက ၃ ပုံ ၂ ပုံနီးပါးဟာ Honor brands တွေဖြစ်တယ်လို့Canalys ဈေးကွက်စစ်တမ်းက ဖော်ပြထားပါတယ်။

ယခုနှစ် ဒုတိယသုံးလပတ်အတွင်း ကမ္ဘာ့စမတ်ဖုန်းရောင်းအားဟာ ၃၄၂ သန်းရှိခဲ့ပြီး အရင်နှစ် ကာလတူရောင်းအား ၃၄၈.၂ သန်းနဲ့ယှဉ်ရင် ၁.၈% ကျဆင်းသွားတာပါ။ iPhone ရောင်းအားနှေးကွေးလာနေတဲ့ Apple ကတော့ တန်ဖိုးကြီးမော်ဒယ်တွေကြောင့် ဝင်ငွေပိုင်းမှာ ၂၀% တိုးပြီး ဒေါ်လာ ဘီလျံ ၃၀ နီးပါး ရခဲ့တယ်လို့ဆိုပါတယ်။

Photo: macrumors

 

Huawei ကလည်း ဒေါ်လာ ၆၀၀ ကနေ ၈၀၀ အထိ ရှိတဲ့ ပရီမီယံမော်ဒယ် P20 နဲ့P20 Pro တို့ကို မိတ်ဆက်ပြီး တန်ဖိုးကြီး ဖုန်းဈေးကွက်ကို ဦးတည်နေတာဖြစ်လို့ယခုနှစ်အတွင်းမှာ တန်ဖိုးကြီးဖုန်းဈေးကွက်ပြိုင်ဆိုင်မှုကို ပိုမိုမြင်တွေ့လာခဲ့ရပါတယ်။

Share

Loading Next Article...
က္က