Tech News: ခေတ်အဆက်ဆက် Apple ၏ ထိပ်တန်းအရောင်းရဆုံး အားလပ်ရက်ရုပ်ရှင် ၅ ခု ထုတ်ပြန်

, updated

Will Ferrell သရုပ်ဆောင်ထားတဲ့ Elf ဇာတ်ကားက နံပါတ် ၁ ဖြစ်ပါတယ်။

Apple ဟာ iTunes ပေါ်မှာ အစဉ်အဆက် အရောင်းရဆုံး ထိပ်တန်း ရုပ်ရှင် ၅ ခုစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

အရောင်းရဆုံးနံပါတ်တစ်ကတော့ Will Ferrell သရုပ်ဆောင်ထားတဲ့ ၂၀၀၃ ခုထုတ် Elf ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။

iOS သုံးစွဲသူများဟာ အိုင်ဖုန်း ၊ အိုင်ပက် နဲ့ Apple TV ပေါ်မှာ Siri Remote ကို သုံးပြီး Home Alone 2: Lost in New York ၊ The Night Before ၊ A Christmas Story ၊ The Santa Clause ၊ It'’ a Wonderful Life ၊ Love Actually နှင့် Mickey's Christmas Carol တို့ အပါအဝင် ဒီရာသီရဲ့ နာမည်ကျော် အားလပ်ရက် ရုပ်ရှင်ဇာတ်လမ်းများကို ကြည့်ရှုခံစားဖို့ Siri ကို မေးနိုင်ပါတယ်။

play

 

(၁) Buddy အဖြစ် Will Ferrell သရုပ်ဆောင်ထားတဲ့ Elf (https://itunes.apple.com/us/movie/elf/id292212787 )ဟာ

iTunes ပေါ်မှ တစ်လျှောက်လုံး ရောင်းအားအကောင်းဆုံး အားလပ်ရက်ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။

play

 

(၂) ၁၉၈၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ National Lampoon’s Christmas Vocation

(https://itunes.apple.com/us/movie/national-lampoons-christmas/id296929739 ) မှာ Clak W. Griswold အဖြစ် Chevy Chase သရုပ်ဆောင်ထားပါတယ်။

play

 

(၃) ၂၀၀၀ ပြည့်နှစ်မှာ ထွက်ခဲ့တဲ့ Dr. Seuss’ How The Crinch Stole Christmas

(https://itunes.apple.com/us/movie/dr.-seuss-how-grinch-stole/id286621192 ) ဇာတ်ကားမှာ Jim Carrey ဟာ

သိပ္ပံဇာတ်ကောင် The Grinch အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

play

 

(၄) John Hughes မှ ဇာတ်ညွှန်းရေးသားပြီး ထုတ်လုပ်ထားတဲ့ Home Alone

(https://itunes.apple.com/us/movie/home-alone/id344796733 ) ဇာတ်ကားမှာ Macaulay Culkin သရုပ်ဆောင်ထားပြီး Christ Columbus မှ စီစဉ်ရိုက်ကူးခဲ့ပါတယ်။

play

 

 

(၅) The Polar Express (https://itunes.apple.com/us/movie/the-polar-express/id297817627 ) ကို နာမည်ကျော် ဟောလီးဝုဒ်ရုပ်ရှင်မင်းသား Tom Hanks မှ အခန်းအတော်များများကို ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Robert Zemeckis မှ ရိုက်ကူးခဲ့ပါတယ်။

Ref: http://www.iclarified.com/58423/apple-announces-its-top-5-holiday-movies-of-all-time

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ