အရင့်အရင်ကထက် ဈေးပို မြောက်လာပါတယ်

တစ်နှစ်လုံး စောင့်မျှော်ခဲ့တဲ့ iPhone သစ် မိတ်ဆက်ပွဲကြီး ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၂ ရက်နေ့ မိတ်ဆက်ခဲ့သမျှကို စိစစ်ကြည့်ရင် Apple ဟာ ဒီပွဲမှာ ကြေငြာချက် ၄ ခုကို အဓိကထား မိတ်ဆက်သွားတယ်လို့ဆိုရမှာပါ။

 

(၁) Apple Watch Series 4

 

Photo: San Jose Mercury News

ဒီပွဲဟာ iPhone မိတ်ဆက်ပွဲလို့ပြောကြပေမယ့် တကယ်တမ်း နည်းပညာ ဆန်းသစ်မှု အမြင့်ဆုံးက စတုတ္ထမျိုးဆက် Apple Watch Series 4 လို့ပြောနိုင်ပါတယ်။ ထူးခြားတာက အရင် Watch Series 3 ထက် မျက်နှာပြင် ၃၀% ကျော်စီ ပိုကြီးလာပေမယ့် ပိုပြီး ပါးလွှာတဲ့ကိုယ်ထည်ဒီဇိုင်းနဲ့ထွက်လာတာပါ။

အထူးခြားဆုံးက စက္ကန့်၃၀ အတွင်း ECG ဖတ်ပေးနိုင်တဲ့ စနစ်ပါရှိတာ ဖြစ်ပါတယ်။ နာရီအိုးဘေးက Digital Crown ပေါ်က haptic feedback ကို ထိပြီး နှလုံးခုန်းနှုန်းတိုင်းတာနိုင်တဲ့ ဒီ feature ဟာ ဒီပွဲမှာ လူပြောများခဲ့တဲ့ နည်းပညာတစ်ခုပါ။

 

(၂) iPhone XS ၊ iPhone XS Max

apple-iphone-xs-xs-max-hands-on-2-720x720.jpg

Photo: Digital Trends

 

Apple ကတော့ မျက်နှာပြင်အကြီးစား iPhone ခေတ်ကို ရွှေ့လာနေပြီ ဖြစ်ပါတယ်။ ဒီထဲကမှ OLED display သုံး မော်ဒယ် ၂ မျိုး ထွက်လာခဲ့တာ ဖြစ်ပြီး storage ကို 512GB အထိ အမြင့်ဆုံး သုံးလာတာပါ။

Appl Event မှာ အားလုံး စိတ်ဝင်စားကြတဲ့ နောက်တစ်ချက်က ဒီနှစ် iPhone သုံးမျိုးစလုံးဟာ ရေစိုခံတာပါပဲ။ dual SIM သုံးလာတဲ့ iPhone XS နဲ့XS Max တို့ကတော့ ရေစို/ဖုန်တင်ခံနှုန်း အမြင့်ဆုံး ဖြစ်တဲ့ IP68 rating ပါလာလို့ရေအနက် ၆ ပေခွဲကို မိနစ် ၃၀ အထိ အစိမ်ခံနိုင်မယ်လို့ဆိုပါတယ်။

တစ်ခုရှိတာက ဈေးသိပ်မြင့်လာတာပါပဲ။ ဈေးကွက်မှာတော့ iPhone XS အနိမ့်ဆုံးမော်ဒယ်ကို ၉၉၉ ဒေါ်လာ (မြန်မာငွေ ၁၅ သိန်းကျော်) နဲ့iPhone XS Max ကို ၁၀၉၉ ဒေါ်လာ (မြန်မာငွေ ၁၇ သိန်း ခန့်) ဈေးတွေနဲ့လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့မှာ ရောင်းချသွားမှာပါ။

 

(၃) အောက်တိုဘာလလယ်ကျော်မှ ဝယ်လို့ရမယ့် iPhone XR

iPhone-Xr2.png

Photo: Fossbytes

 

ဒီနှစ်ရဲ့ တစ်လုံးတည်းသော LCD မော်ဒယ် ဖြစ်ပြီး အရောင် ၅ မျိုးနဲ့ထွက်လာတဲ့ iPhone ပါ။ မျက်နှာပြင် ၆.၁ လက်မဆိုပေမယ့် ကိုယ်ထည်ဖွဲ့စည်းချက်ကြောင့် ၅.၅ လက်မမော်ဒယ် iPhone 8 Plus ထက်တောင် သေးလာပါတယ်။

၂၀၁၈ ရဲ့ တန်ဖိုးအနည်းဆုံး iPhone ဖြစ်ပေမယ့် တစ်ခြားအမြင့်မော်ဒယ်နှစ်မျိုးအတိုင်း 7nm process နဲ့ပထမဆုံး ထုတ်ထားတဲ့ A12 Bionic chip နဲ့အတူ အဆင့်မြင့် Face ID စနစ်ကို သုံးလာခဲ့ပါတယ်။  အောက်တိုဘာ ၁၉ ရက်နေ့မှ ဈေးကွက်ထဲ ရောက်မှာပါ။

 

(၄) ဆော့ဖ်ဝဲလ် updates များ

appleiphone2018_0493.jpg

Photo: Ars Technica

 

iOS 12 ကို စက်တင်ဘာ ၁၇ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ဖို့ကြေငြာခဲ့သလို macOS ဖြစ်တဲ့ Mojave ကိုတော့ စက်တင်ဘာ ၂၄ ရက်နေ့မှာ ထွက်လာမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။

 

Share

Loading Next Article...
က္က