စုစုပေါင်း ဒေါ်လာ ၁၇ သန်းကျော် ဒဏ်တပ်ခံရတာပါ

ဖုန်းသစ်ရောင်းရဖို့အတွက် အရင်ထွက်ပြီးသား ဖုန်းအဟောင်းတွေမှာ software update ကနေ တစ်ဆင့် သုံးရနှေးကွေးအောင် လုပ်ထားတယ်ဆိုပြီး အီတလီအာဏာပိုင်အဖွဲ့အစည်းက Apple နဲ့Samsung ကို ဒေါ်လာသန်းပေါင်းများစွာ ဒဏ်တပ်လိုက်ပြီ ဖြစ်ပါတယ်။



6889ffdaa812761913eeac3e20aeb5b9e688bbccc457908d4060389f79e05abb.jpg

Photo: The Local Italy

 

အီတလီမှ ပြိုင်ဆိုင်ရေးမှုဝါဒရေးရာ စောင့်ကြည့်ရေး အာဏာပိုင်တွေဟာ Apple ကို ယူရို ၁၀ သန်း (ဒေါ်လာ ၁၁.၅ သန်း ) ၊ Samsung ကိုု ယူရို ၅ သန်း (ဒေါ်လာ ၅.၇ သန်း) ဒဏ်တပ်ခဲ့တာ ဖြစ်ပြီး အကြောင်းကတော့ ဒီကုမ္ပဏီ ၂ ခုဟာ သူတို့ထုတ် စမတ်ဖုန်းဟောင်းတွေကို ရည်ရွယ်ချက်နဲ့ဒိတ်အောက်အောင် လုပ်ဆောင်ဖို့စီစဉ်ခဲ့တာကြောင့်လို့ဆိုပါတယ်။

အစောပိုင်းက Apple ရော Samsung ပါ ဒေါ်လာ ၅.၇ သန်းစီ ဒဏ်တပ်ခံရတာ ဖြစ်ပြီး Apple ကတော့ ဖုန်းဟောင်းတွေမှာ ဘက်ထရီကို ဘယ်လို ထိန်းသိမ်းရတယ်ဆိုတဲ့အချက်နဲ့ဘက်ထရီအစားပြန်လဲပေးမယ်ဆိုတဲ့ အချက်အလက် ပေးဖို့ပျက်ကွက်ခဲ့တာကြောင့် နောက်ထပ် ယူရို ၅ သန်း စုစုပေါင်း ယူရို ၁၀ သန်း (ဒေါ်လာ ၁၁.၅ သန်း ) ဒဏ်ရိုက်ခံခဲ့ရတာပါ။

အီတလီစားသုံးသူ အဖွဲ့အစည်းများရဲ့ အဆိုအရ Apple နဲ့Samsung တို့ဟာ firmware update များကနေ ဖုန်းဟောင်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို လျှော့ချပြီး နောက်ထပ် ဖုန်းသစ်တွေဝယ်အောင် ဒီဇိုင်းချထားတာကို တွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

ဒီကုမ္ပဏီ ၂ ခုအနေနဲ့update သစ်ကနေ ဖုန်းမှာ ဘယ်လို သက်ရောက်မှုတွေ ရှိလာမယ်ဆိုတာအပြင် မူလ လုပ်ဆောင်နိုင်စွမ်းတွေ ဘယ်လို ဖြစ်သွားနိုင်တယ်ဆိုတဲ့ အပေါ် လုံလောက်မျှတတဲ့ အချက်အလက်ပေးဖို့ပျက်ကွက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။

"Apple နဲ့Samsung တို့ဟာ မရိုးဖြောင့်တဲ့ စီးပွားရေးလုပ်ဆောင်ချက်တွေ လုပ်ဆောင်ခဲ့တယ်" လို့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ "OS သစ်ရဲ့ update ဟာ ဖုန်းကို ဆိုးဝါးတဲ့ တလွဲလုပ်ဆောင်ချက်တွေဖြစ်စေသလို ဖုန်းရဲ့ performance ကိုပါ သိသိသာသာ လျော့ကျစေပါတယ်။ ဒီနည်းနဲ့ဖုန်းသစ်လဲဖို့တွန်းအားပေးသလို ဖြစ်စေပါတယ်။"

Samsung ဟာ Galaxy Note 4 ဖုန်းပိုင်ရှင်တွေကို တလောက Galaxy Note 7 အတွက် ရည်ရွယ်ထားတဲ့ Google ရဲ့ Android OS ဗားရှင်းသစ် install သွင်းဖို့တိုက်တွန်းခဲ့ပါတယ်။ ဒီဆော့ဖ်ဝဲလ်သစ်က ဖုန်းမော်ဒယ်အဟောင်းရဲ့ လုပ်နိုင်စွမ်းကို ကျဆင်းစေပါတယ်။

အလားတူပဲ iPhone 6 ပိုင်ရှင်တွေကိုလည်း Apple ကနေ iPhone 7 အတွက် ဒီဇိုင်းဆွဲထားတဲ့ OS သစ်ကို သွင်းခိုင်းရာကနေ ဖုန်းမော်ဒယ်ဟောင်းမှာ ပြဿနာတွေ တက်လာတယ်လို့ဆိုပါတယ်။

Photo: Bangkok Post

 

ပြီးခဲ့တဲ့နှစ်ကလည်း Apple ဟာ iPhone မော်ဒယ်ဟောင်းတွေရဲ့ လုပ်ဆောင်ချက်ကို တမင်လျှော့ချခဲ့တဲ့အပေါ် တရားဝင် တောင်းပန်မှု လုပ်ဆောင်ခဲ့ပါတယ်။ထိုအချိန်က Samsung နဲ့LG တို့ကတော့ သူတို့ရဲ့ ဖုန်းတွေမှာ software update ကနေ ဖုန်း performance ကို လျှော့မထားဘူးလို့ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က