AD
AD
AD

Apple ဟာ ၂၀၁၇ နှစ်ကုန်ပိုင်းကနေ စတင်ကြုံတွေ့ လာခဲ့ရတဲ့ ဘက်ထရီတစ္ဆေရဲ့ ခြောက်လှန့် မှုကနေ ဒီနှစ်အထိ မလွတ်နိုင်သေးဘူးလို့ ဆိုရမှာပါ ။

play
ဇူးရစ်မှ Apple Store

 

နှစ်သစ်ကူးကာလ ပထမဆုံး Apple ရဲ့ အမှတ်တရကတော့ ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ခ်ျမှာ ရှိတဲ့ Apple Store တစ်ခုရဲ့ iPhone ဘက်ထရီဆားဗစ်ပြုပြင်ရာ နေရာကနေ စတင်ခဲ့တာပါ။ ဇူးရစ်ခ်ျApple Store မှ ဖုန်းဘက်ထရီလဲပေးနေတဲ့ service technician တစ်ဦးဟာ ဘက်ထရီလဲလှယ်ရင်း ဖုန်းအပူလွန်ကဲပြီး မီးလောင်ခြင်းကြောင့် လက်မှာ မီးလောင်ဒဏ်ရာရသွားခဲ့တယ်လို့ Reuters သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ဖုန်းမီးလောင်ရာကနေ ထွက်ပေါ်လာတဲ့ မီးခိုးများကြောင့် ဆိုင်အတွင်းမှ ဝန်ထမ်း ၅၀ ခန့် ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး ၇ ဦး ဆေးကုသမှု ခံယူခဲ့ရတယ်လို့ ဆိုပါတယ်။

ဇူးရစ်ခ်ျရဲတပ်ဖွဲ့ ကလည်း ယခုဖြစ်စဉ်ကို အတည်ပြုထားပြီး လက်မှာ မီးလောင်သွားသူကတော့ ဒဏ်ဂရာသိပ်မကြီးမားသလို ကျန် ၇ ဦးလည်း ဆေးရုံတင်စရာမလိုဘူးလို့ ဆိုပါတယ်။ မူခင်းကျွမ်းကျင်ပညာရှင်များကတော့ ယခုမီးလောင်ရတဲ့ အကြောင်းရင်းကို လေ့လာစုံစမ်းနေပါတယ်။ ကနဦးသုံးသပ်ချက်များအရ လစ်သီယံအိုင်ယွန်းဘက်ထရီတွေထဲမှာ သုံးထားတဲ့ လျှပ်စစ်ငုတ်မီးလောင်ခြင်းကြောင့် အခုလို ဘက်ထရီလဲစဉ် မီးလောင်ရတာလို့ ဖော်ပြထားပါတယ်။ ဇူးရစ်ခ်ျဖြစ်စဉ် ဖြစ်ပွားပြီး နောက်တစ်ရက်မှာတော့ စပိန်နိုင်ငံ ဗလင်စီယာမြို့ ရှိ Apple Store အလားတူ ဖြစ်စဉ်မျိုး နဲ့ တွေ့ ကြုံခဲ့ပါတယ်။

play
ဗလင်စီယာမှ Apple Store

 

ဗလင်စီယာမှာ ရှိတဲ့ Apple ရဲ့ Calle Calon store မှာတော့ ယခုတစ်ပတ် ဗုဒ္ဓဟူးနေ့ မှာ  ဘက်ထရီဟောင်းလဲနေစဉ် မီးလောင် ပေါက်ကွဲခဲ့ပြီး မီးခိုးများထွက်လာတာကြောင့် ဒေသခံရဲနဲ့ မီးသတ်တပ်ဖွဲ့ များ လာရောက်ခဲ့ရတဲ့ အဆင့်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖြစ်စဉ်မှာ လူထိခိုက်မှု သိပ်မရှိပေမယ့် ထိတ်လန့် စရာများတော့ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ရက်အတွင်း နှစ်ခါမီးလောင်သွားတဲ့ ဖြစ်ရပ်ဟာ သက်တမ်းကြာဘက်ထရီပါ iPhone မော်ဒယ်ဟောင်းများရဲ့ performance ချထားတဲ့ Apple အတွက် iPhone user များရဲ့ ကျိန်စာလို့ တောင် ထင်မှားစရာ ဖြစ်လာခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD