Tech News: Apple မှ Swift ပရိုဂရမ်သစ်ကို တီထွင်ခဲ့သူ Tesla သို့ အလုပ်ပြောင်း

Tesla ရဲ့ AutoPilot ဆော့ဖ်ဝဲလ်ဌာနမှာ ဒုဥက္ကဌအဖြစ် တာဝန်ယူတော့မှာပါ။

Apple ဟာ ကမ္ဘာမှာ အမြန်ဆုံးတိုးတက်လာတဲ့ ကွန်ပျုတာဘာသာစကားတစ်ရပ်ဖြစ်တဲ့ Swift ပရိုဂရမ်ကို တီထွင်ခဲ့သူ ပရိုဂရမ်မာတစ်ယောက်ကို လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က စပြီး Apple ရဲ့ အကြီးတန်း ဒါရိုက်တာနဲ့ ဗိသုကာပရိုဂရမ်မာအဖြစ် တာဝန်ယူခဲ့တဲ့ ခရစ်လတ်နာဟာ အမေရိကန်ကားကုမ္ပဏီ Tesla ကို အလုပ်ပြောင်းတော့မယ်လို့ သိရပါတယ်။

play

 

လတ်နာဟာ အီလီနွိုက်စ်တက္ကသိုလ်တက်စဉ်ကတည်းက Low Level Virtual Machine ရဲ့ compiler တည်ဆောက်ရေးပရောဂျက်သုတေသနနဲ့ နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ Apple ကို သူရောက်လာပြီးနောက် LLVM ရဲ့ နည်းပညာများကို Apple ရဲ့ developer tools များဖြစ်တဲ့ OS X နဲ့ iOS တို့ နဲ့ ပေါင်းစပ်ခဲ့ပါတယ်။ ၂၀၁၀ မှာ iOS apps တွေကို ဖန်တီးဖို့ ရိုးရှင်းတဲ့ ပရိုဂရမ်ဘာသာစကားတစ်ရပ်ဖြစ်တဲ့ Swift ကို ဒီဇိုင်းရေးဆွဲ တီထွင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Swift ဟာ အနာဂါတ်ကွန်ပျူတာ ဘာသာစကားတစ်ရပ်အဖြစ် Apple မှ ထုတ်ပြန်ခဲ့ပါတယ်။

 

လတ်နာဟာ Telsa ရဲ့ Autpilot ဆော့ဖ်ဝဲလ်ဌာနမှာ ဒုဥက္ကဌအဖြစ် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Apple က နှုတ်ထွက်သွားမယ့် တစ်ခြား ဝန်ထမ်းတစ်ယောက်ကတော့ ဒန်နီယယ် ဂရော့စ် ဖြစ်တယ်လို့ သိရပါတယ်။ ဂရော့စ်ဟာ ၂၀၁၃ ခုနှစ်မှာ Apple ဝယ်ယူခဲ့တဲ့ ကိုယ်ရေးအချက်အလက်ရှာဖွေရေး ပရိုဂရမ် Cue ကို တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ သူကတော့ Y Combinator ဆိုတဲ့ စွန့် ဦးလုပ်ငန်းတစ်ခုမှာ ပါတနာအဖြစ်လက်တွဲသွားမှာပါ။ သူ့ အနေနဲ့ တစ်ခြား ကုမ္ပဏီတစ်ခု ပြောင်းချင်နေပြီလို့ TechCrunch ကို ပြောခဲ့တာ ဖြစ်ပါတယ်။

Source: MacStories

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ