တစ်ခြားဈေးကွက်တွေကို ဖြန့်ချိသွားမှာပါ

အမေရိကန်တစ်နိုင်ငံတည်းမှာပဲ သုံးနိုင်သေးတဲ့ Apple Watch Series 4 ရဲ့ နှလုံးစစ်ချက်ပေးနိုင်မယ့် ECG feature ကို ကနေဒါမှာ သုံးနိုင်ဖို့နီးစပ်လာာပြီ ဖြစ်ပါတယ်။

apple-watch-4-640x387.jpg

Photo:ExtremeTech

 

Apple ရဲ့ ထုတ်ပြန်ချက်အရ ကုမ္ပဏီဟာ Health Canada နဲ့ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ Series 4 ရဲ့ ECG စနစ်ဟာ FDA ထောက်ခံချက် ရထားပြီး ဒီနှစ်ကုန်ပိုင်းမှာ US အပြင် တစ်ခြားဈေးကွက်တွေမှာပါ သုံးနိုင်ဖို့စီစဉ်ထားတာပါ။

တစ်ခုရှိတာက ဒီစနစ်ကို သုံးနိုင်ဖို့အတွက် တစ်နိုင်ငံချင်းစီက အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ထောက်ခံချက် တောင်းရပါတယ်။ ကနေဒါအသိုင်းအယိုင်းဟာ FDA ထက် ပိုပြီး တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ထားပါတယ်။ ဒါကြောင့်ပဲ Apple အနေနဲ့Helth Canada နဲ့စကားပြောထားတာပါ။

ဒီနှစ်ထဲ ထွက်လာတဲ့ Apple Watch Series 4 ရဲ့ အထူးခြားဆုံး feature တစ်ခုကတော့ Apple ရဲ့ ECG app ကနေ လျှပ်စစ်နှလုံးခုန်တိုင်းစနစ် ပါဝင်လာတာပါ။

ECG ရိုက်မယ်ဆိုရင် ဒီ app ကို ဖွင့်ပြီး Digital Crown ပေါ်မှာ လက်ညှိုးထိထားတာနဲ့စက္ကန့်၃၀ အတွင်း ECG ဖတ်ပေးသွားမှာ ဖြစ်ပါတယ်။ အချက်အလက်တွေကိုတော့ iPhone မှာ ပါတဲ့ Health app ထဲမှာ ပြန်သိမ်းသွားမှာပါ။  ဒီအချက်အလက်တွေကို PDF အနေနဲ့ထုတ်ပြီး ကိုယ့်ရဲ့ ဆရာဝန်ဆီမှာ ပြန်ပြနိုင်လို့အမြန်စစ်ဆေးနိုင်တဲ့ နည်းပညာတစ်ခုလို့ဆိုရမှာပါ။

၂၀၁၈ မော်ဒယ် Apple Watch သစ်ဟာ အရင်မော်ဒယ်တွေထက် မျက်နှာပြင်အရွယ်အစားမှာ အနည်းဆုံး ၃၀% ပိုကြီးလာပါတယ်။ ဘေးဘောင်တွေကို ပါးနိုင်သမျှ ပါးလာပြီး ၄၄ မီလီမီတာာ နဲ့၄၂ မီလီမီတာ မော်ဒယ်နှစ်မျိုး ထွက်ထားပါတယ်။ GPS နဲ့LTE မော်ဒယ်နှစ်မျိုး ပါလာပြီး နှစ်ဆပိုမြန်တဲ့ processor ၊ ၅၀% ထိ အသံပိုကျယ်လာတဲ့ စပီကာစနစ်များလည်း သုံးထားပါတယ်။

Photo: The Verge

 

watchOS 5 သစ်နဲ့လာတဲ့ Apple Watch Series 4 ဟာ ရိုးရိုးမော်ဒယ်ကို ၃၉၉ ဒေါ်လာ (မြန်မာငွေ ၆ သိန်း ကျော်) နဲ့cellular မော်ဒယ်ကို ၄၉၉ ဒေါ်လာ ( မြန်မာငွေ ၇ သိန်းခွဲကျော်) ဈေးတွေနဲ့ရောင်းချနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က