AD
AD
AD

ကမ္ဘာပေါ်က လက်သည်မပေါ်ခဲ့တဲ့ ဆိုင်ဘာတိုက်ခိုက်မှုများစွာရဲ့ နောက်ကွယ်မှာ ရှိနေမယ်လို့ ယူဆနေရတဲ့ မြောက်ကိုရီးယားဟက်ကာများဟာ တောင်ကိုရီးယားဒစ်ဂျစ်တယ် ငွေကြေးစနစ်များကို cyberattack လုပ်နေတယ်လို့ စွပ်စွဲခံနေရပါတယ်။

play

 

မြောက်ကိုရီးယားဟက်ကာများဟာ ယခုနှစ် ၆ လတာကာလအတွင်း Bitcoin Exchanges များနဲ့ Bitcoin Wallets များကို တိုက်ခိုက်မှု အနည်းဆုံး ၅ ကြိမ်အထိ လုပ်ဆောင်ခဲ့ဖို့ ရှိတယ်လို့ ဆိုင်ဘာလုံခြုံရေးအဖွဲ့ အစည်းတစ်ခု ဖြစ်တဲ့ FireEye ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ ဒီထဲမှာ တောင်ကိုရီးယားအခြေစိုက် bitcoin exchange လုပ်ငန်းတစ်ခုဖြစ်တဲ့ Yapizon အပါအဝင် အမည်မဖော်ပြတဲ့ တစ်ခြား bitcoin ငွေကြေးဖလှယ်ရေးလုပ်ငန်းတစ်ခုလည်း ပါဝင်ခဲ့ပါတယ်။

 

တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း ဒစ်ဂျစ်တယ်ငွေကြေးအဖွဲ့ အစည်း Ethereum မှာဆို ဒီလအစောပိုင်းတုန်းကပဲ ဒေါ်လာ ၁ သန်းကျော် ဆုံးရှုံးသွားခဲ့သလို ကမ္ဘာ့စတုတ္ထအကြီးဆုံး တောင်ကိုရီးယား exchange ရုံးဖြစ်တဲ့ Bithumb ကိုလည်း ဟက်ကာတစ်ဖွဲ့ မှ ပြီးခဲ့တဲ့ ဇွန်လထဲမှာ ဆိုင်ဘာတိုက်ခိုက်မှု လုပ်ခဲ့ပါတယ်။ ဒါတွေဟာ မြောက်ကိုရီးယားရဲ့ လက်ချက် ဟုတ်မဟုတ်ကို အတည်မပြုနိုင်သေးပါဘူး။

play

 

ဒီလထဲမှာ ဒစ်ဂျစ်တယ် ငွေပေးငွေချေစနစ်ဖြစ်တဲ့ Bitcoin တစ်ခုရဲ့ တန်ကြေးဟာ ဒေါ်လာ ၅၀၀၀ ပေါက်ဈေးရှိတာဖြစ်လို့ Bitcoin Exchange တွေကို ဆိုင်ဘာတိုက်ခိုက်မှု လုပ်ခြင်းအပေါ်မှာ အလွန်စိုးရိမ်စရာ ဖြစ်လာပါတယ်။ ဘင်္ဂလားဒေ့ခ်ျဗဟိုဘဏ်ကို ဒေါ်လာ ၈၁ သန်းကျော် cyberattack လုပ်တယ်လို့ လည်း နာမည်ထွက်နေတဲ့ မြောက်ကိုရီးယားဟာ ဟက်ကာများ အကူအညီနဲ့ ယခုလို ဆိုင်ဘာတိုက်ခိုက်မှုလုပ်ပြီး တရားမဝင် ငွေရှာနေတယ်ဆိုတာလည်း စိတ်ဝင်စားဖို့ ကောင်းတဲ့ မေးခွန်းတစ်ခု ဖြစ်လာပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD