အခိုးခံရတဲ့ ဖောက်သည်ပိုင် bitcoin များ ပြန်လျော်ပေးသွားမယ်လို့ဆိုပါတယ်

cryptocurrency အရောင်းအဝယ် လုပ်တဲ့ ဂျပန်ကုမ္ပဏီကြီးတစ်ခုဟာ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ယန်း ၇ ဘီလျံ (ဒေါ်လာ ၆၂.၁၀ သန်း) တန် Bitcoin များ အခိုးခံထားရတယ်လို့ထုတ်ပြန်ထားပါတယ်။



bitcoin.jpg

Photo: saharab.com

 

Tech Bureau Corp ပိုင် Zaif exchange မှာ ဖောက်ထွင်းမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး Bitcoin ပမာဏ ၅၉၆၆.၁ ခု ၊ Monacoin ၆၂၃၆၈၂၀.၂ ခုနဲ့Bitcoin Cash ပေါင်း ၄၂၃၂၇.၁ ခု ပျောက်ဆုံးခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိပေါက်ဈေးအရ ဒါဟာ ယန်းငွေ ၇ ဘီလျံ ပမာဏလည်း ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ဒီ ဆိုက်ဘာတိုက်ခိုက်မှုကို ဘယ်သူတွေ လုပ်ဆောင်တယ်ဆိုတာကို မသိရသေးဘဲ စုံစမ်းဆဲအဆင့်မှာပဲ ရှိသေးတယ်လို့ဆိုပါတယ်။ လောလောဆယ်မှာ ကွန်ပျူတာဆာဗာကို restore လုပ်နေဆဲ ဖြစ်တာကြောင့် အခိုးခံရတဲ့ ပမာဏဟာ ဒီထက်မက ပိုများပြားလာဖို့ရှိနေပါတယ်။။ Zaif exchange ကို ဖောက်ထွင်းသူဟာ ၂ နာရီတည်းနဲ့ဒီလောက်များတဲ့ ငွေကြေးတွေ ထုတ်ယူသွားတာပါ။

အခိုးခံရတဲ့ Bitcoin တွေထဲက ယန်း ၂.၂ ဘီလျံဟာ Tech Bureau ပိုင် digital currency တွေ ဖြစ်ပြီး ကျန်တဲ့ ၄.၅ ဘီလျံကျော်ဖိုးဟာ ဖောက်သည်တွေရဲ့ အပိုင်ငွေ ဖြစ်ပါတယ်။ Tech Bureau အနေနဲ့ အခိုးခံလိုက်ရတဲ့ ဖောက်သည်ပိုင် Bitcoin များကို ပြန်လျော်ပေးသွားမယ်လို့ဆိုပါတယ်။ cryptocurrency exchange ဖောက်ထွင်းမှုများဟာ ခပ်စိပ်စိပ် ဖြစ်ပွားနေပြီး တရားခံကို ဖမ်းမိနိုင်ခြင်း မရှိသေးပါဘူး။

ယခုနှစ်ဆန်းပိုင်းကပဲ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးလဲလှယ်ရေးတစ်ခုဖြစ်တဲ့ Coincheck လုပ်ငန်းစုဟာ ဆိုင်ဘာတိုက်ခိုက်မှုနဲ့ကြုံတွေ့ရပြီး ဒေါ်လာ ၅၄၃ သန်း (ပေါင်သန်း ၃၈၀) ဆုံးရှုံးသွားခဲ့ပါတယ်။၂၀၁၄ ခုနှစ်ကလည်း ဂျပန်မှ Mt Gox လုပ်ငန်းစုဟာ Bitcoin ပေါင်း ၈ သိန်းခွဲ (ထိုစဉ်က ဒေါ်လာ  သန်း ၄၀၀ ကျော်) အခိုးခံရပြီး စီးပွားပျက်တဲ့အဆင့်ထိ ရောက်သွားခဲ့ပါတယ်။

Photo: Channel News Asia

 

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံး crypto exchange လုပ်ငန်းမှတ်ပုံတင်တဲ့ နိုင်ငံဖြစ်သလို ကမ္ဘာ့အကြီးဆုံး cryptocurrency ကုန်သွယ်ရေး လုပ်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

 

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က