တရုတ်နိုင်ငံရဲ့ အကြီးဆုံး e-Commerce လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ Alibaba ဟာ အမေရိကန်ကုန်သွယ်ရေးအဖွဲ့ အစည်းကြီးရဲ့ ဒုတိယအကြိမ် နာမည်ပျက်စာရင်း blacklist သွင်း ဒဏ်ခတ်ခံရပြီ ဖြစ်ပါတယ။်

play

 

Alibaba ပိုင် Taobao အွန်လိုင်းအရောင်းဝက်ဘ်ဆိုက်ပေါ်ကနေတစ်ဆင့် ကုန်ပစ္စည်း အတုရောင်းချတယ်ဆိုတဲ့ သံသယနဲ့ အခုလို blacklist စာရင်းသွင်းခံရတာပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး Alibaba Group Holdings Ltd ရဲ့ ဥက္ကဌ မိုက်ခ်အီဗန်ကတော့ ဒါဟာ အဂတိပါပြီး နိုင်ငံရေးသဘောတွေ ပါတဲ့ ဖြစ်စဉ်တစ်ခုလို့ မှတ်ချက်ချထားပါတယ်။ အခုလို အရေးယူမှုဟာ ကုမ္ပဏီရဲ့ အင်တာနက်ပရိုတိုကောလ်နဲ့ ကုန်အမှတ်တံဆိပ်တွေကို မယုံကြည်ရဘူးလို့ ပြောတယ်လို့ လည်း မယူဆဘူးလို့ ဆိုပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ တရုတ်နဲ့ အမေရိကန်အကြား ဈေးကွက်ကုန်သွယ်ရေး တင်းမာမှုတစ်ခုပဲ ဖြစ်ပြီး တရုတ်ရဲ့ စီးပွားရေးအင်အားကြီးမားလာမှုအပေါ် အမေရကိန်ရဲ့ အမြင်တစ်ခုလည်း ဖြစ်ဖို့ များပါတယ။်

ကမ္ဘာ့စီးပွားရေးလောကထဲကို အဟုန်ပြင်းပြင်းထိုးဖောက်လာနေတဲ့ တရုတ်နိုင်ငံဟာ အမေရိကန်မှ စီးပွားရေးလုပ်ငန်းများကိုလည်း ထိပ်ပုတ်ခေါင်းခါ လုပ်လာပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာလည်း အမေရိကန်မှ အခြေစိုက် MoneyGram ကို ဒေါ်လာသန်း ၈၈၀ (ပေါင်သန်း ၇၀၀) နဲ့ Alibaba ပိုင် Ant Financial services မှ ဝယ်ဖို့ အစီအစဉ်ကို အမေရိကန်အစိုးရမှ ပယ်ချခဲ့ဖူးပါတယ်။ အမေရိကန်ကုန်သွယ်ရေးအဖွဲ့ အစည်း USTR ရဲ့ ဒီဆုံးဖြတ်ချက်ဟာ Alibaba ရဲ့ ကမ္ဘာ့စီးပွားရေးကွန်ရက်ဖြန့် ကြက်မှုဗျူဟာကို ရိုက်ချိုးလိုက်တာလည်း ဖြစ်ပါတယ်။

play

 

Alibaba ဟာ တရုတ်နိုင်ငံရဲ့ e-Commerce နယ်ပယ်ကို လွှမ်းမိုးထားတဲ့ လုပ်ငန်းစုကြီးဖြစ်ပြီး ဒီလုပ်ငန်းစုပိုင် Taobao နဲ့ တစ်ခြား shopping platform တွေကနေ နိုင်ငံရဲ့ အွန်လိုင်းလက်လီရောင်းအားမှာ အဓိကကျတဲ့ ပင်တိုင် လုပ်ငန်းတွေလည်း ဖြစ်ပါတယ်။ ၂၀၁၆ စက်တင်ဘာလကနေ ၂၀၁၇ သြဂုတ်လအထိ Alibaba ဟာ Taobao စတိုးပေါင်း ၂၃၀၀၀၀ ကျော်အထိ ဖွင့်လှစ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကုန်ပစ္စည်းအတုအပ ပြဿနာဟာ Alibaba ကိုယ်တိုင် ခေါင်းခဲနေရတဲ့ ပြဿနာဖြစ်ပေမယ့် အမေရိကန်ဈေးကွက်မှာ Alibaba ဝင်ခွင့်မရတာကတော့ ဒီအကြောင်းပြချက်ထက် ပိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video