မတ်လထဲမှာ မှတ်ပုံတင်ထားတာပါ

၁၉၉၀ ပြည့်လွန်နှစ်များက လူသုံးအများဆုံး Game Boy ဂိမ်းစက်စတိုင် ဖုန်းကိုယ်ထည်ကာဗာ case တစ်မျိုးကို Nintendo ဟာ မူပိုင်ခွင့်တင်ထားတယ်လို့ဆိုပါတယ်။



Photo: T3.com

 

ယခုနှစ် မတ်လထဲက အမေရိကန် မူပိုင်ခွင့်ရုံးမှာ မှတ်ပုံတင်ထားတာ ဖြစ်ပြီး ဖုန်းရဲ့ touchscreen ကို ခလုတ်နဲ့control pad တွေ ပါဝင်တဲ့ Game Boy စက်တစ်လုံးလို သုံးနိုင်မယ့် နည်းပညာ ဖြစ်ပါတယ်။ မူပိုင်ခွင့်မှာ ပါတဲ့ ပုံအရ ဒီ case ဟာ စာအုပ်တစ်အုပ်လိုမျိုး အဖုံးကာဗာတစ်ခု နဲ့လာပြီး မျက်နှာပြင်မှာ Game Boy စက်အတိုင်း ခလုတ်နေရာတွေ ပါရှိပါတယ်။

ဖုန်းကတော့ ဒီ case ထဲမှာ အံကျရောက်နေမှာ ဖြစ်ပြီး ဒီ case ကို ပိတ်ထားလိုက်တာနဲ့Game Boy screen လို ဖြစ်သွားပြီး touch screen နဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်မှာပါ။

မူလ Game Boy စက်မှာအတိုင်း ခလုတ်နေရာတွေ ၊ A ၊ B နဲ့start/select ခလုတ်များလည်း ပါဝင်မှာ ဖြစ်ပါတယ်။ ဂိမ်းစက်အဖြစ် ပုံပြောင်းထားချိန်မှာ အရှေ့ကင်မရာနေရာအတွက် cutout လုပ်ပေးထားတာဖြစ်လို့ဒီ Game Boy case မှာ ကင်မရာလုပ်ဆောင်ချက်တွေ သုံးနိုင်မယ်လို့ယူဆရပါတယ်။

Nintendo ဟာ စမတ်ဖုန်းဂိမ်းဈေးကွက်ထဲကို ၂၀၁၆ ခုနှစ်က ဝင်ရောက်ခဲ့တာ ဖြစ်ပြီး တဟုန်းထိုးအောင်မြင်လာခဲ့တာပါ။ ၂၀၁၇ နှစ်ဆန်းပိုင်းက ထုတ်ခဲ့တဲ့ Nintendo Switch ဟာ အမေရိကန် ဂိမ်းစက်သမိုင်းမှာ ရောင်းအားအသွက်ဆုံး console ဂိမ်းစက်ဖြစ်ခဲ့ပါတယ်။

ဒီဂိမ်းစက်ကတော့ ၁၀ လအတွင်း အမေရိကန်တစ်နိုင်ငံတည်းမှာ အလုံးရေ ၄.၈ သန်း ရောင်းချနိုင်ခဲ့ပြီး Time မဂ္ဂဇင်းရဲ့ အကောင်းဆုံး gadget အဖြစ် စာရင်းဝင်ခဲ့ပါတယ်။

Photo: Business Insider

 

Nintendo အနေနဲ့လက်ရှိအချိန်ထိတော့ အန်းဒရိုက်နဲ့iOS ထုတ်ကုန်များအတွက် Game Boy ဆော့ဖ်ဝဲလ်တစ်ခုမှ မထုတ်သေးပါဘူး။ တကယ်လို့Nintendo အနေနဲ့ဒီဂိမ်း case ကို ဈေးကွက်မှာ တင်ပို့မယ်ဆိုရင်တော့ စမတ်ဖုန်းတစ်ဖြစ်လဲ ဂိမ်းစက်တွေကို မြင်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က