လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခွင့် (Mobile Financial Services Providers) အဖြစ် လျှောက်ထားနေကြောင်း သိရသည်။

မြန်မာနိုင်ငံရဲ့ လက်လီဈေးကွက်ကို ဈေးကွက် ဝေစုအများဆုံးနှင့် ရှေ့ဆုံးမှ ဦးဆောင်နေသော City Mart Holding Co.,Ltd မှ ဖန်တီးထားသော City Rewards ကို စက်တင်ဘာလ ၂၁ ရက်နေ့က ဈေးဝယ်သူ များထံ တရားဝင်မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

Photo: Duwun

 

ငွေသားကိုင်တွယ် အသုံးပြုရန် မလိုသည့် ခေတ်မီလူနေမှုပုံစံကို တည်ဆောက်နိုင်ဖို့ ရည်ရွယ်မိတ်ဆက်လိုက်တာလို့ ဆိုပါတယ်။ ဒီ Application အသုံးပြုပြီး ဈေးဝယ်သူတွေဟာ စက်တင်ဘာ ၂၁ ရက်နေ့က စတင်ပြီး CMHL လက်အောက်ရှိ ဆိုင်ခွဲများဖြစ်သော City Mart Supermarket, Ocean Supercenter, Marketplace by City Mart, City Mart Neghborhood Stores, Seasons Bakery & Café ၊ Seasons Bistro၊ City Baby Club၊ City Care၊ City Book & Music၊ Safari Book Stores အစရှိသည့် ဆိုင်ပေါင်း ၂၀၀ ကျော်မှာ စတင်အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ CMHL လက်အောက်ရှိ ဆိုင်များတွင် ကုန်ပစ္စည်း ဝယ်ယူခြင်းအတွက် Reward Point များ ပြန်လည်ရရှိခြင်း၊ ငွေသားအသုံးပြုရန် မလိုသည့် ငွေပေးချေမှုပြုလုပ်ခြင်း၊ ထည့်သွင်းထားသော ငွေသား (City Cash) ကို City Rewards အသုံးပြုသူ အချင်းချင်း လွှဲပြောင်းပေးနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များကို အသုံးပြုနိုင်မှာဖြစ်ပြီး မကြာမီ အခြားသော လက်လီ အရောင်းဆိုင်များတွင် ငွေပေးချေရန် အသုံးပြုခြင်း၊ ဖုန်းဘေလ်ထည့်သွင်းခြင်း၊ ဘတ်စ်ကားခ ပေးချေခြင်း အစရှိသည်တို့ကိုပါ City Rewards အသုံးပြုပြီး ကျယ်ပြန့်စွာ အသုံးပြုနိုင်ရန်ဆောင်ရွယ်သွားမယ်လို့သိရပါတယ်။

Photo: Duwun



“ကျွန်မတို့ CMHL အနေနဲ့ အမြဲတမ်း ပြောင်းလဲ နေတဲ့ နည်းပညာ တိုးတက်ပြောင်းလဲမှုတွေကို အမီလိုက်ရုံသာမကဘဲ ဒီနည်းပညာတွေကို ကျွန်မတို့လုပ်ငန်းရဲ့ လုပ်ငန်းဆောင်ရွက်မှုတိုင်းမှာ အကျိုးရှိရှိ အသုံးချပြီး မြန်မာပြည်သူလူထုရဲ့ နေ့စဉ် လူနေမှုဘဝ တိုးတက်မြှင့်မားရေးနဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှု၊ ဈေးဝယ် အတွေ့အကြုံတွေကို ဖန်တီးပေးစွမ်းနိုင်ဖို့ မပြတ်ကြိုးစားနေပါတယ်။ လူတိုင်းရဲ့ လက်ကိုင်ဖုန်းထဲမှာ မရှိမဖြစ်ထည့်ထားရမယ့် Shopping & Payment Solution တစ်ခုအနေနဲ့ ဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။ နောက်နှစ်အနည်းငယ်အတွင်းမှာ ငွေသားကိုင်တွယ်အသုံးပြုဖို့ မလိုတဲ့ ငွေပေးချေမှုအဖြစ် ဈေးဝယ်သူ မိဘပြည်သူများရဲ့ ခေတ်မီလူနေထိုင်မှုဘဝ တစ်စိတ်တစ်ဒေသအဖြစ် ပိုမို လွယ်ကူကျယ်ပြန့်စွာ အသုံးပြုလာနိုင်ရန် ရည်ရွယ်ပါတယ်” ဟု City Mart Holding Co., Ltd. မှ Marketing Director ဒေါ်မေဇင်စိုးထက်မှ ပြောပါတယ်။

City Rewards ကို Mobile App နှင့် ကဒ် ပုံစံ နှစ်မျိုး ရှိပြီး ကဒ်အသုံးပြုလိုသူတွေဟာ CMHL လက်အောက်ရှိ ဆိုင်များရဲ့ Customer Service Counter မှာ ၃၀၀၀ ကျပ်ဖြင့်ရရှိနိုင်မှာဖြစ်ပါတယ်။ Mobile App ကိုတော့ App Store ရော Play Store များမှာ Download ရယူနိုင်မှာဖြစ်ပါတယ်။ Reward Point အနေနှင့် ကျပ်နှစ်ရာ လျှင် (၁) ပွိုင့် ရရှိပြီး  (၁) ပွိုင့် ကို မြန်မာငွေ (၁) ကျပ်နဲ့ ညီမျှတယ်လို့သိရပါတယ်။ Customer Service Counter မှာ ငွေသား အနည်းဆုံး ၁၀၀၀ ကျပ်မှ အများဆုံး ကျပ်(၁၀)သိန်းအထိ ထည့်သွင်းနိုင်မှာဖြစ်ပြီး  City Rewards အသုံးပြုသူ အချင်းချင်းလည်း အနည်းဆုံး ၁၀၀၀ ကျပ်ကနေ လွှဲပြောင်းပေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Photo:Duwun

 

CMHL အနေနဲ့ နောက်ပိုင်းမှာ ဖုန်းငွေဖြည့်ခြင်း ၊ ကားခ ပေးချေခြင်းတို့အတွက် Payment တစ်ခုအနေနဲ့ ပြုလုပ်သွားဖို့ အစီအစဉ်ရှိပြီး လက်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှာ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ခွင့် (Mobile Financial Services Providers) အဖြစ် လျှောက်ထားနေကြောင်း သိရသည်။

Share

Loading Next Article...
က္က