၃ နှစ်အတွင်း ရင်းနှီးမြှပ်နှံသွားမှာပါ

ကမ္ဘာ့အကြီးဆုံး တယ်လီကွန်း ပစ္စည်းအစိတ်အပိုင်းတွေ ထုတ်လုပ်ရောင်းချနေတဲ့ Huawei Technologies ကုမ္ပဏီဟာ နောက်သုံးနှစ်အတွင်း ရင်းနှီးမြှပ်နှံမှုသစ်တွေ တိုးမြှင့်သွားတော့မယ်လို့ဆိုပါတယ်။



602x338_chinas-huawei-to-invest-1-billion-yuan-in-cloud-business-over-3-years.jpg

Photo: Euronews

 

Huawei ဟာ ကုမ္ပဏီရဲ့ Cloud စီးပွားရေးအတွက် AI လုပ်ဆောင်ချက်တွေ ဖွံ့ဖြိုးရေးမှာ ယွမ် ၁ ဘီလျံ (ဒေါ်လာ ၁၄၅ သန်း) ကို ၃ နှစ်အတွင်း မြှပ်နှံသွားမှာ ဖြစ်ပါတယ်။ ဒါဟာ တောင်အာဖရိကမှာ cloud ဝန်ဆောင်မှု ပေးဖို့အစီအစဉ်တွေထဲက တစ်ခုလည်း ဖြစ်တယ်လို့ကုမ္ပဏီရဲ့ cloud ကဏ္ဍပိုင်း ဥက္ကဌဖြစ်သူ ဇောင်ယဲလိုင်က ဆိုပါတယ်။

"ကျွန်တော်တို့အနေနဲ့အဆင့်မြင့်ဆုံး cloud AI နဲ့အစိုးရအဖွဲ့အစည်းတွေအတွက် big data စနစ်တွေ ပေးဖို့ယုံကြည်မှု ရှိထားပါတယ်။ ဒါကို တောင်အာဖရိကအပြင် အခြား အနီးအနားက နိုင်ငံတွေက ဖောက်သည်တွေနဲ့စီးပွားရေးလုပ်ငန်းသမားတွေအတွက်ပါ ဝန်ဆောင်မှု ပေးသွားမှာပါ" လို့သူက ပြောပါတယ်။

Huawei အနေနဲ့ကုမ္ပဏီရဲ့ အများပိုင် cloud service ဈေးကွက်ထဲကို ၂၀၁၇ ခုနှစ်က တရုတ်ဈေးကွက်မှာ စတင်ခဲ့ရာကနေ အခုဆို Alibaba နဲ့အပြိုင် အင်အားကြီး cloud ဝန်ဆောင်မှု ကုမ္ပဏီတစ်ခု အဖြစ် ရပ်တည်နေတာပါ။ တရုတ်ဈေးကွက်အပြင် cloud services များကို ဟောင်ကောင် ၊ ရုရှားနဲ့မလေးရှားတို့မှာ ဝန်ဆောင်မှုပေးနေပါတယ်။

၂၀၁၇ ကစပြီး Huawei ဟာ သုတေသနနဲ့ဖွံ့ဖြိုးရေးပိုင်းအတွက် ကုမ္ပဏီဝင်ငွေရဲ့ ၁၄.၉% ဖြစ်တဲ့ ဒေါ်လာ ၁၃.၂၃ ဘီလျံထိ ရင်းနှီးမြှပ်နှံခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အကြီးဆုံး အိုင်တီကုမ္ပဏီတွေ ဖြစ်တဲ့ Amazon နဲ့Google ပိုင် Alphabet တို့ဟာ R&D အတွက် ၂၀၁၇ မှာ ဒေါ်လာ ၂၂.၆ ဘီလျံ နဲ့ဒေါ်လာ ၁၆.၆ ဘီလျံ ရင်းနှီးမြှပ်နှံခဲ့တာပါ။

Photo: straitstimes

 

တောင်အာဖရိကမှာ Huawei ဟာ Telefonica ၊ Orange နဲ့Deutsche Telekom တို့လို ဆက်သွယ်ရေးကွန်ရက်တွေနဲ့ပေါင်းပြီး ဂျာမဏီ ၊ စပိန် ၊ ပြင်သစ်ဈေးကွက် ၊ ဥရောပနဲ့လက်တင်အမေရိက ၊ အာဖရိကတို့မှာလည်း ဆက်သွယ်ရေးစနစ်များ ဖြန့်ကျက်သွားမယ်လို့ဆိုပါတယ်။ cloud ဝန်ဆောင်မှုအနေနဲ့အနာဂါတ် ကမ္ဘာမှာ အင်အားကြီး cloud ကုမ္ပဏီ ၅ ခု ရှိလာမယ်လို့ခန့်မှန်းထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က