ကမ္ဘာ့ ၆ ခုမြောက် အကြီးဆုံး Cryptocurrency exchange ပါ

Bithumb ဆိုတဲ့ တောင်ကိုရီးယားအခြေစိုက် cyrptocurrency exchange လုပ်ငန်းတစ်ခုဟာ ဟက်ကာများလက်ချက်ကြောင့် ဒေါ်လာ သန်း ၃၀ ကျော်တန် cryptocurrency များ ခိုးယူခံလိုက်ရပါတယ်။

[No available link text] 

Coinmarketcap.com အချက်အလက်များအရ ကမ္ဘာ့ ၆ ခုမြောက် အလုပ်ရှုပ်ဆုံး exchange တစ်ခုဖြစ်တဲ့ Bithumb ဟာ ကုမ္ပဏီဖောက်သည်များရဲ့ ပိုင်ဆိုင်မှုများကို ဘေးကင်းစိတ်ချရတဲ့ cold wallets တွေထဲ ပြောင်းသိမ်းထားတယ်လို့ဆိုပါတယ်။ cold wallets ဆိုတာကတော့ အင်တာနက် တိုက်ရိုက်ချိတ်ဆက်မထားတဲ့ ပလက်ဖောင်းပေါ်က wallets ကို ပြောတာ ဖြစ်ပြီး ဟက်ကာတွေအနေနဲ့cold wallets ကနေ ခိုးယူနိုင်တော့မှာ မဟုတ်ပါဘူး။ တစ်ချိန်တည်းမှာပဲ Bithumb အနေနဲ့ယခုအခိုးခံလိုက်ရတဲ့ ဖောက်သည်များကိုလည်း လျော်ကြေးအပြည့်အဝ ပြန်ပေးသွားမယ်လို့ကြေငြာထားပါတယ်။

ကိုရီးယားဝမ် ဘီလျံ ၃၀ (အမေရိကန်ဒေါ်လာ ၃၁ သန်းခန့်) တန် token တွေ အခိုးခံရတဲ့ ဖြစ်ရပ်အကြောင်း Bithumb မှအသေးစိတ် ဖော်ပြထားခြင်း မရှိပါဘူး။ Bithumb ရဲ့ ဖြစ်ရပ်ဟာ digital coins များရဲ့ လုံခြုံရေးဘယ်လောက် စိုးရိမ်နေရတယ်ဆိုတဲ့ အချက်နဲ့ကမ္ဘာ့ cryptocurrency ဈေးကွက်တွင်း စည်းမျဉ်းဥပဒေအားနည်းချက်များကို ထောက်ပြနေတယ်လို့ cryptocurrency ကျွမ်းကျင်သူများက ဆိုပါတယ်။

ESTsecurity မှ chief analyst ဖြစ်သူ မွန်ချောင်ဟွန်းကတော့" virtual coins တွေရဲ့ လုံခြုံရေးအတွက်ဘယ်လုံခြုံရေး တိုင်းတာမှုတွေ ၊ စည်းမျဉ်းတွေကမှ ရာနှုန်းပြည့် အာမမခံနိုင်ပါဘူး။ လက်ရှိလုံခြုံရေးစနစ်တွေရဲ့ လျော့လျဲမှုကလည်း ဟက်ကာတွေအကြိုက်တွေ့စရာ ဖြစ်နေပါတယ်။ "လို့မှတ်ချက်ပြုထားပါတယ်။ Bithumb တိုက်ခိုက်ခံရပြီးနောက်မှာတော့ Bitcoin တန်ဖိုးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်က အမြင့်ဆုံးဈေးနဲ့စာရင် ၇၀% အထိ ထိုးကျသွားခဲ့ပြီး အမေရိကန်ဒေါ်လာ ၆၅၉၀ ဈေးမှာ ရှိနေခဲ့ပါတယ်။  ကမ္ဘာပေါ်မှာ အကြီးဆုံး Cryptocurrency အခိုးခံရမှုကိုတော့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး Coincheck လုပ်ငန်းစုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ ကြုံတွေ့ခဲ့ပြီး ဒေါ်လာ ၅၄၃ သန်း ဆုံးရှုံးခဲ့ရပါတယ်။

 

Bithumb မတိုင်ခင် တစ်ပတ်ကတည်းက Coinrail ဆိုတဲ့ cryptocurrency လုပ်ငန်းစုကြီးဟာ ဒေါ်လာ သန်း ၄၀ ကျော်တန် altcoins များ အခိုးခံထားရတာ ဖြစ်ပါတယ်။ Coinrail ဟာလည်း တောင်ကိုရီးယားအခြေစိုက် cryptocurrency exchange တစ်ခုဖြစ်တာကြောင့် တောင်ကိုရီးယား crypto ငွေကြေးလုပ်ငန်းများအတွက် ပြဿနာများနဲ့ရက်သတ္တပတ်လို့ဆိုရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က