ငွေကြေးခဝါချဖို့ကြားခံအသုံးချနေကြပါတယ်။

ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်မျိုး ဖြစ်တဲ့ cryptocurrency များ အခိုးခံရမှုဟာ အရင်နှစ်ကထက်စာရင် ၂၅၀% နီးပါး တိုးလာခဲ့ပြီလို့ဆိုပါတယ်။

a-man-stands-near-an-advertisement-of-a-cryptocurrency-exchange-in-tokyo-1.jpg

Photo: Channel News Asia

 

အမေရိကန်အခြေစိုက် ဆိုက်ဘာလုံခြုံရေးအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Cipher Trace ရဲ့ ထုတ်ပြန်ချက်အရ ၉ လအတွင်း ဒေါ်လာ ၉၂၇ ဘီလျံကျော် တန်တဲ့ cryptocurrency များ အခိုးခံလိုက်ရတယ်လို့ထုတ်ပြန်လိုက်ပါတယ်။ ဒီအစီရင်ခံစာဟာ ဒစ်ဂျစ်တယ်ငွေကြေး ဈေးကွက်ထဲမှ ရာဇဝင်မှုမြောက်တဲ့ လှုပ်ရှားမှုများနဲ့ငွေကြေး ခဝါချမှုများကို စောင့်ကြည့်စစ်ဆေးခဲ့တာပါ။

၂၀၁၇ ခုနှစ် တတိယသုံးလပတ်အထိ ဒစ်ဂျစ်တယ်ငွေကြေးများကို ဟက်ကာများဟာ ဒေါ်လာ ၁၇၃ သန်းဖိုးခိုးခဲ့တာ ဖြစ်ပြီး တစ်နှစ်လုံး အတိုင်းအတာအရ ဒေါ်လာ ၂၆၆ သန်း ရှိခဲ့တာ ဖြစ်ပါတယ်။ ဈေးကွက်မှာ Bitcoin နဲ့အတူ အခြား digital coins နဲ့tokens ပေါင်း ၁၆၀၀ ကျော် ရှိထားပြီး ဒစ်ဂျစ်တယ်ငွေကြေး ဈေးကွက်အားကောင်းလာမှုက ဟက်ကာများအတွက် ပြစ်မှုကျူးလွန်ဖို့အလားအလာတွေ မြင့်လာခဲ့ပါတယ်။

"စည်းမျဉ်းတွေချမှတ်တဲ့ ကိစ္စကလည်း digital currency ကနေ ငွေကြေးခဝါချမှုဆန့်ကျင်ရေးလုပ်နေတဲ့ နိုင်ငံက လက်တစ်ဆုပ်စာပဲ ရှိသေးတယ်။ ဒီတော့ ဥပဒေအားကောင်းဖို့က အချိန်ယူရဦးမှာပါ" လို့CipherTrace ရဲ့ CEO ဒေ့ဗ်ဂျီဘန်က ဆိုပါတယ်။

သူ့အဆိုအရ ဒစ်ဂျစ်တယ်ငွေကြေး ခဝါချမှုမျိုးက အခု တွေ့ရှိထားတာထက် ၅၀% လောက် ပိုများမယ်လို့သုံးသပ်ထားပါတယ်။ CipherTrace ရဲ့ စစ်တမ်းမှာ ဒေါ်လာ သန်း ၆၀ ဖိုး အခိုးခံရပေမယ့် အဲဒီအခိုးခံရတဲ့ currency exchange တွေက မတိုင်ကြားခဲ့ဘူးလို့ဖော်ပြထားပါတယ်။ ဒီစစ်တမ်းအတွက် CipherTrace ဟာ ထိပ်တန်း ဒစ်ဂျစ်တယ်ငွေကြေးဈေးကွက် ၂၀ ကို လေ့လာခဲ့တာပါ။

လက်ရှိမှာ Bitcoin  စုစုပေါင်းရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂.၅ ဘီလျံ ရှိလာပြီ ဖြစ်ပြီး CipherTrace ဟာ exchange ၂၀ ထဲက ဒေါ်လာ သန်း ၃၅၀ ခန့်ရှိတဲ့ ငွေလွဲှပြောင်းမှုတွေ ကြည့်ခဲ့ပြီး ဒီထဲက သန်း ၁၀၀ ဟာ မဆိုင်တဲ့ နေရာတွေကို လွှဲနေတာ တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။

တစ်ချိန်တည်းမှာ ဒီ exchange တွေဟာ တရားမဝင် ဝန်ဆောင်မှုတွေ လုပ်ဖို့ဒေါ်လာ ၁.၅ ဘီလျံနဲ့ညီမျှတဲ့ bitcoin ပေါင်း ၂၃၆၉၇၉ ခုကို ဝယ်ဖို့အသုံးပြုနေတယ်လို့စစ်တမ်းက ဆိုပါတယ်။

Photo: blockchain.us

 

Bitcoin လိုမျိုး cryptocurrency အခိုးခံရမှုထဲမှာ အကြီးဆုံး အခိုးခံရမှုကို ဒီနှစ်ဆန်းပိုင်း ဂျပန်နိုင်ငံ Coincheck လုပ်ငန်းစု ကြုံတွေ့ခဲ့ပြီး ဒေါ်လာ ၅၄၃ သန်းကျော် ဆုံးရှုံးခဲ့သလို မကြာသေးမီကလည်း Zaif exchange ဟာ ဒေါ်လာ ၆၂ သန်းဖိုး cryptocurrecny များ အခိုးခံခဲ့ရပါတယ်။

Share

Loading Next Article...
က္က