AD
AD
AD

မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး Cyber Crime တွေဟာ ဆိုရှယ်မီဒီယာကို  အသုံးပြုပြီး ဆောင်ရွက်တာ ဖြစ်တယ်လို့ အောက်တိုဘာလ ၂၅ ရက်နေ့ က နေပြည်တော်မှာ ကျင်းပခဲ့တဲ့ Cyber Space ဆွေးနွေးပွဲကနေ သိရပါတယ်။

play

 

ဆိုရှယ်မီဒီယာတွေပေါ်မှာ တွေ့ ရတဲ့ Cyber Crime တွေဟာ အသေရေပျက်စေတဲ့ စာသားနဲ့ ပုံတွေ တင်ပြီး အသရေဖျက်ခဲ့တာ ဖြစ်တယ်လို့ လည်း ပြည်ထဲရေးဝန်ကြီးဌာန ရဲမှူးကျော်သူဝင်းက ပြောခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီနေ့ ခေတ် မြန်မာ့ဆိုရှယ်မီဒီယာနယ်ပယ်မှာ အင်တာနက် အသုံးပြုသူ ၁၅ သန်းဟာ Facebook ကို သုံးနေကြတဲ့အတွက် ဒီကနေမှ လူမျိုးရေး ၊ ဘာသာရေး ထိပါးပုတ်ခတ်မှုတွေ ရေးသားလာရာကနေ ပဋိပက္ခအသွင်ကို လှုံ့ဆော်နိုင်ကြောင်း ၊ Facebook ကို အကောင်းဘက်မှာ အသုံးပြုသူတွေ ရှိသလို အဆိုးဘက်ကနေလည်း သုံးနေသူတွေ ရှိကြောင်းနဲ့ ဆိုင်ဘာလုံခြုံရေးပြဿနာမျိုး ဖြစ်ပွားလာမယ်ဆိုရင် သက်ဆိုင်ရာ ဆိုင်ဘာလုံခြုံရေးအဖွဲ့ အစည်းကို ချက်ချင်း အကြောင်းကြားရမယ်လို့ လည်း ဆွေးနွေးပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

 

နည်းပညာအခေါ်အဝေါ်တွေကို နိုင်ငံတကာအလိုက်သတ်မှတ်ထားပြီး Cyber attack, client attack စသည်ဖြင့် သုံးနှုံးကြပေမယ့် Hacking ပိုင်းမှာတော့ ကျယ်ကျယ်ပြန့် ပြန် မရှိတော့ဘူးလို့ လည်း ဆိုပါတယ်။ ဒါ့အပြင် DOS DTS ဆိုတာကလည်း လူတစ်ယောက်ကို ဖုန်းနဲ့ နှောင့်ယှက်တဲ့ ပုံစံဖြစ်ကြောင်းနဲ့ ဒါမျိုးကို နည်းပညာအရ ကာကွယ်ဖို့ Blacklist လုပ်လို့ ရတယ်လို့ လည်း သိရပါတယ်။

Source: Internet Journal

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD