ကုလသမဂ္ဂ နိုင်ငံတကာကလေးများ အရေးပေါ် ရံပုံငွေ အဖွဲ့ အစည်း UNICEF နဲ့ New Westminster Group တို့ ပူးပေါင်းပြီး ကလေးငယ်များဘဝ တိုးတက်ကောင်းမွန်စေမယ့် အိုင်တီနည်းပညာထုတ်ကုန်များ ပေါ်ပေါက်လာစေဖို့ Data Visualization Hackathon နာမည်နဲ့ ပြိုင်ပွဲတစ်ရပ် ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

play

 

သုံးရက်တာ ကြာမယ့် ဒီပြိုင်ပွဲအတွက် လူငယ်အိုင်တီပညာရှင်များကို ဖိတ်ကြားသွားမှာ ဖြစ်ပြီး ပြိုင်ပွဲမှာ ကလေးများနဲ့ ဆိုင်တဲ့ အချက်အလက်များကို နည်းပညာသုံးကာ ကလေးတို့ စိတ်ဝင်စားဖွယ် နားလည်လွယ်တဲ့ မိုဘိုင်းအက်ပလီကေးရှင်း ဖြစ်စေ ဝက်ဘ်ဆိုက်ဖြစ်စေ ဖန်တီးရမှာပါ။ ဒီပြိုင်ပွဲအတွက် UNICEF မှ ၂၀၁၆ ခုနှစ်အတွင်း စစ်တမ်းကောက်ထားတဲ့ ကလေးများ ပညာရေး ၊ ငွေကြေး ၊ လူ့ အခွင့်အရေးနဲ့ အခြားအခြေခံလိုအပ်ချက်များ စတဲ့ အချက်အလက်များကို ရွေးချယ်ခံပြိုင်ပွဲဝင် programmer အယောက် ၅၀ ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။.

Data Visualization ဆိုတဲ့အတိုင်း ပေးထားတဲ့ အချက်အလက်များကို ဆော့ဖ်ဝဲလ် (သို့ ) ပရိုဂရမ်တစ်ခုအကူအညီနဲ့ ဒေတာများကို နားလည်လွယ်တဲ့ အစီအစဉ်တကျ ပုံစံတစ်ခု ဖန်တီးရမှာပါ။ ပြိုင်ပွဲအတွက် တစ်ဖွဲ့ ကို အများဆုံး ၅ ယောက်အထိ ယှဉ်ပြိုင်နိုင်မယ်လို့ လည်း ဆိုပါတယ်။ပြိုင်ပွဲဝင်များကိုတော့ ရန်ကုန်အခြေစိုက် အိုင်တီနည်းပညာကုမ္ပဏီကြီးများမှ CEO များနှင့် UNICEF တာဝန်ရှိသူများမှ အကဲဖြတ်အမှတ်ပေးသွားမှာပါ။

play

 

Data Visualization Hackathon ပြိုင်ပွဲကို UNICEF Office (ရန်ကုန်) မှာ လာမယ့် ဇန်နဝါရီလ ၁၂ ၊ ၁၃ နဲ့  ၁၄ (သုံးရက်တာ) ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video