AD
AD
AD

၂၀၁၁ ခုနှစ်ကနေ ဆက်တိုက်ကျင်းပနေကျ အစဉ်အလာကြီးနည်းပညာဆွေးနွေးဖလှယ်ပွဲတစ်ရပ် ဖြစ်တဲ့ Developer Conference ကို ဒီနှစ်ထဲမှာ သတ္တမအကြိမ်မြောက်အဖြစ် ရန်ကုန်မြို့ MICT Park ထဲမှာ နိုဝင်ဘာ ၁၈ ၊ ၁၉ နှစ်ရက်တာ ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်များအသင်း (MCPA) မှ ကြီးမှူးပြီး ပြည်တွင်းနာမည်ကြီး အိုင်တီပညာရှင်များ ၊ လုပ်ငန်းရှင်များ ၊ ကွန်ပျူတာနဲ့ အိုင်တီနည်းပညာတက္ကသိုလ်ကျောင်း အသီးသီးမှ ပါမောက္ခများ ၊ ဆရာ/ဆရာမများနဲ့ ကျောင်းသား / ကျောင်းသူများ တစ်စုတစ်စည်းတည်း တက်ရောက်ပြီး နည်းပညာပိုင်းဆိုင်ရာ အသိပညာများကို လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးဖလှယ်သွားကြမှာပါ။ Developer Conference နာမည်နဲ့ ကျင်းပပေမယ့် ဒီပွဲမှာ အိုင်တီပညာရှင် Speaker များအပြင် တက်ရောက်လာသူ မည်သူမဆို ဝင်ရောက်ဆွေးနွေးနိုင်ပြီး နယ်ပယ်အသီးသီးမှ အိုင်တီနည်းပညာစိတ်ဝင်စားသူများ တက်ရောက်လာမှာ ဖြစ်ပါတယ်။

 

DevCon 2017 ပွဲမှာ လက်ရှိ Developing နည်းပညာနယ်ပယ်ထဲမှ Cloud Computing  ၊ Software Development & Languages ၊ Business Side of Software ၊ UI/UX ပိုင်းများအပြင် အနာဂါတ်မှာ ခေတ်စားလာမယ့် နည်းပညာများ ဖြစ်တဲ့ Blockchain ၊ IoT ၊ AR/VR နည်းပညာများအကြောင်းကို ပြည်တွင်းအိုင်တီနည်းပညာရှင်နဲ့ လုပ်ငန်းရှင်များမှ ဆွေးနွေးသွားမှာပါ။ ဒါ့အပြင် အိုင်တီနည်းပညာနဲ့ အလုပ်လမ်းကြောင်းများအကြောင်း ၊ မြန်မာ့နည်းပညာအရွေ့ များအကြောင်း ၊ ဂိမ်းနဲ့ အန်နီမေးရှင်းနည်းပညာများအကြောင်းပါ ဒီပွဲမှာ မိတ်ဆက်ဟောပြောသွားမှာ ဖြစ်လို့ အိုင်တီနည်းပညာလေ့လာသူများအပြင် ဗဟုသုတလိုက်စားသူများပါ တက်ရောက်သင့်တဲ့ ပွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။

play

 

ဒီပွဲကို တက်ရောက်မယ်ဆိုရင်တော့ မှတ်ပုံတင်ပြီး လက်မှတ်ဝယ်ယူရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ပွဲမတိုင်ခင် လက်မှတ်ဝယ်မယ်ဆိုရင် ၅၀၀၀ ကျပ် သတ်မှတ်ထားပြီး ပွဲနေ့ မှာ လာဝယ်မယ်ဆိုရင်တော့ ၁၀၀၀၀ ကျပ်အထိ (Full Charge) ပေးဝယ်ရမှာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ ပတ်သတ်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ www.devconmyanmar.org မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာပါ။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD