တတိယအကြိမ်အဖြစ် ကျင်းပသွားမှာပါ

တတိယအကြိမ်မြောက် e-Government conference and ICT Exhibition 2018 ပွဲကို နေပြည်တော် MICC II မှာ ကျင်းပသွားတော့မှာပါ။

Photo: E-Government Conference & ICT Exhibition

 

နိုဝင်ဘာ ၂၇ နဲ့၂၈ နှစ်ရက်တာ ကျင်းပသွားမယ့် ဒီပွဲမှာ အိုင်တီကုမ္ပဏီများရဲ့ ထုတ်ကုန်နဲ့ဝန်ဆောင်မှုသစ်များ မိတ်ဆက်သွားမှာ ဖြစ်ပြီး ဝန်ကြီးဌာနများရဲ့ e-Government ဆိုင်ရာ ပြခန်းများအပြင် ကုမ္ပဏီအဖွဲ့အစည်းများမှ ပြခန်းပေါင်း ၈၀ ကျော် ပြသသွားမယ်လို့ဆိုပါတယ်။

ယခုနှစ် e-Government ပွဲမှာ VIP panel ဆွေးနွေးခန်းအဖြစ် Road to Digital Government ဆိုတဲ့ ခေါင်းစဉ်နဲ့e-Government ဆိုင်ရာ ဆွေးနွေးမှုများ လုပ်ဆောင်သွားမှာပါ။

မြန်မာနိုင်ငံမှာ e Government Conference and ICT Exhibition ပွဲများကို ၂၀၁၆ ခုနှစ်က စတင်ကျင်းပခဲ့တာပါ။ ပထမဆုံးအကြိမ် e Government ကွန်ဖရင့်ပွဲမှာ ကုမ္ပဏီပေါင်း ၃၅ ခုကျော်နဲ့ပြခန်းပေါင်း ၈၈ ခု ပါဝင်ပြသခဲ့ပြီး နည်းပညာဆိုင်ရာ စာတမ်း ၁၀ ခု ဖတ်ကြားခဲ့ပါတယ်။

ယခုနှစ်မှာ ကျင်းပမယ့် e Government ပွဲမတိုင်ခင် အောက်တိုဘာ ၅ ရက်နေ့မှာ eGovernment Forum 2018 ဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။

Share

Loading Next Article...
က္က