အနာဂါတ်ပြဿနာတစ်ခုပါ

အမေရိကန်ပြည်ထောင်စုရဲ့ ၂၀၁၆ ရွေးကောက်ပွဲကစပြီး election hacking ဆိုတဲ့ အသုံးအနှုန်းဟာ ခေတ်စားလာခဲ့ပါတယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ အမေရိကန်အာဏာပိုင်တွေဟာ ၂၀၁၆ ရွေးကောက်ပွဲဖြစ်ရပ်လိုမျိုး တကျော့ပြန်မလာစေဖို့ပြင်ဆင်ထားတယ်ဆိုပေမယ့် စိတ်ပူစရာတွေကတော့ ရှိနေပါတယ်။



HSI_PoliticalHack_Asset2-768x272.jpg

Photo: highspeedinternet.com

 

လာမယ့် နိုဝင်ဘာ ၆ ရက်နေ့မှာ ကျင်းပသွားမယ့် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲမှာ election hacking ဖြစ်နိုင်ခြေမြင့်မားတဲ့ ပြည်နယ် ၁၀ ခုစာရင်းကို highspeedinternet.com ကနေ ထုတ်ပြန်ထားပါတယ်။ ဒီထုတ်ပြန်ချက်အရ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကာလအတွင်း ဆိုက်ဘာတိုက်ခိုက်မှုခံနိုင်ခြေမြင့်တဲ့ ပြည်နယ် ၁၀ ခုဟာ ၂၀၁၆ က ရုရှားဘက်မှ ပစ်မှတ်ထား တိုက်ခိုက်တဲ့ ဒဏ်ခံစားရတဲ့ ၂၁ ပြည်နယ်ထဲက ပြည်နယ်တွေပဲလို့ဆိုပါတယ်။

ရွေးကောက်ပွဲတွေမှာ election hacking လုပ်တဲ့ hacktivism ဆိုတာကတော့ နိုင်ငံရေး အစီအစဉ်အရ ဖြစ်စေ လူမှုပုံစံပြောင်းလဲဖို့ဖြစ်စေ မဲပေးသူရဲ့ လျှို့ဝှက်အချက်အလက်များကို တရားမဝင် ရယူတာမျိုး ဖြစ်ပါတယ် ။ ဒီနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း နိုင်ငံရေးလမ်းကြောင်း ပြောင်းစေဖို့election hacking လုပ်တာ ဖြစ်လို့ ဥပဒေပြုအမတ်တွေ ပိုများတဲ့ ပြည်နယ်တွေက hacktivism မှုခင်း ပိုကြုံမှာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်က အမေရိကန်သမ္မတရွေးကောက်ပွဲကာလမှာတော့ ၂၁ ပြည်နယ်က မဲရုံ ကွန်ပျူတာစနစ်တွေမှာ ရှိတဲ့ မဲပေးသူရဲ့ မှတ်ပုံတင်ထားတဲ့ database များ ဆိုက်ဘာတိုက်ခိုက်မှု ခံခဲ့ရတယ်လို့တရားဝင် ထုတ်ပြန်ထားပါတယ်။

Photo: highspeedinternet.com

 

ထိုစဉ်က အစိုးရအနေနဲ့ရွေးကောက်ပွဲဆိုက်ဘာတိုက်ခိုက်မှု နောက်ကွယ်က အဖွဲ့အစည်းနဲ့လူပုဂ္ဂိုလ် ဘယ်သူ ဘယ်ဝါဆိုတာ မကြေငြာခဲ့ပေမယ့် ပြည်နယ် ၃ ခုက မဲရုံအာဏာပိုင်တွေကတော့ ဒီတိုက်ခိုက်မှုတွေဟာ ရုရှားနဲ့ဆက်နွှယ်နေတယ်လို့ပြောကြားခဲ့ပါတယ်။

ပစ်မှတ်ထားတဲ့ ပုံစံကတော့ ကွန်ပျူတာစနစ်တွေကို စကင်ဖတ်တာမျိုး တင်ကြို ရည်ရွယ်ချက်နဲ့လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ခိုက်ရာမှာလည်း မဲပေးသူရဲ့ registration စနစ်တွေကို တိုက်ခိုက်တာ ဖြစ်ပြီး မဲအရေအတွက်ဖတ်တဲ့ ဆော့ဖ်ဝဲလ်ကို တိုက်ခိုက်တာ မဟုတ်ဘူးလို့ဆိုပါတယ်။ အီလီနွိုက်စ်တစ်ပြည်နယ်မှာပဲ  voter စနစ်တွေထဲ အထိ လုံခြုံရေးကျိုးပေါက်ခဲ့တာပါ။

အီလီနွိုက်စ်နဲ့အရီဇိုးနားတို့မှာ ရှိတဲ့ မဲစာရင်း databases ဆိုက်ဘာတိုက်ခိုက်မှုမှာတော့ တိုက်ခိုက်ခံလိုက်ရတဲ့ မဲရုံ database တွေထဲမှာ မဲပေးသူရဲ့ အချက်အလက်နဲ့သူ မဲပေးလိုက်တဲ့ သူနာမည်လိုမျိုး အရေးကြီးတဲ့ အချက်အလက်များ ပါဝင်သွားပါတယ်။

ဒါကြောင့်ပဲ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ အရင်လို election hacking မျိုး မကြုံစေဖို့အမေရိကန် ၃၆ ပြည်နယ်မှာ Albert Sensor ဆိုတဲ့ ဆိုက်ဘာတိုက်ခိုက်မှု အာရုံခံစနစ် အသုံးပြုမယ်လို့ကြေငြာထားပါတယ်။

Photo: globalnews

 

ရွေးကောက်ပွဲ မဲပေးစနစ်နဲ့အတူ တွဲပါလာတာက လူမှုကွန်ရက်ပေါ်က အဖျက်အမှောင့်နဲ့သတင်းတု ဖြန့်ချိမှုများ ဖြစ်ပါတယ်။ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင်မှာပဲ Facebook ဟာ အီရန်နဲ့ရုရှားတို့ရဲ့ သြဇာသက်ရောက်နေတဲ့ နိုင်ငံရေးကမ်ပိန်းများနဲ့ဆက်စပ်နေတဲ့ pages နဲ့အကောင့်တုပေါင်း ၆၅၀ ကျော်ကို ရှင်းလင်းထားတယ်လို့ဆိုပါတယ်။

election hacking ကတော့ အမေရိကန်နိုင်ငံကို ကျော်လွန်ပြီး တစ်ကမ္ဘာလုံးဆီ ရောက်လာမယ့် ဆိုက်ဘာတိုက်ခိုက်မှုအသွင်တစ်ရပ် ဖြစ်လာဖို့ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က