မြန်မာနိုင်ငံမှာ ပထမဆုံး မိတ်ဆက်လိုက်တာပါ

နာမည်ကြီး စမတ်ဖုန်းနဲ့စမတ်နာရီသစ် တစ်ချို့မှာ အသုံးပြုလာနေတဲ့ eSIM နည်းပညာဝန်ဆောင်မှုကို MyTel မှ ပြည်တွင်းမှာ ပထမဆုံးအကြိမ် စတင် မိတ်ဆက်လိုက်ပါတယ်။

44_1262x960.jpg

Photo: MyTel Myanmar

 

SIM Card မလိုတဲ့ နည်းပညာ ဖြစ်တဲ့ eSIM ဟာ ဒစ်ဂျစ်တယ်နည်းအရ online ကနေ ကိုယ်ကြိုက်တဲ့ နံပါတ်ကို ရှာ ၊ စာရင်းသွင်း sign up လုပ်ရမှာ ဖြစ်ပြီး SIM card ဝယ်စရာမလိုတော့တဲ့ နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။ eSIM စနစ်ကြောင့် SIM card ဝယ်စရာ မလိုသလို ကြိုးမဲ့ချိတ်ဆက်ရာမှာလည်း အလွန်မြန်လာမယ်လို့ဆိုပါတယ်။

ဒီ နည်းပညာသစ်ကို တက်ဘလက် ၊ PC ကွန်ပျူတာ ၊ စမတ်ဖုန်းနဲ့တစ်ခြား 4G LTE နက်ခ်ဝါ့ခ်ချိတ်နိုင်တဲ့ devices တွေမှာ သုံးနိုင်တယ်လို့ဆိုပါတယ်။  MyTel ရဲ့ eSIM ဝန်ဆောင်မှုကို သုံးဖို့အတွက် နည်းလမ်း နှစ်မျိုးနဲ့ညွှန်ပြထားပါတယ်။

ပထမနည်းမှာတော့ MyTel မှ ဝယ်ထားတဲ့ ဘောင်ချာကဒ်မှာ ပါတဲ့ QR code ကို scan ဖတ်ပြီး Setting ကနေ ပြန်ချိန်ပြီး အသုံးပြုနိုင်တဲ့ နည်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ app ကနေ သွားတာ ဖြစ်ပြီး MNO (Mobile Network Operator) app ကို ဖုန်းမှာ ထည့်သွင်းထားပြီး Settings မှာ ချိန်ပြီး eSIM သုံးနိုင်တာပါ။

MyTel ရဲ့ ပြင်ပဆက်ဆံရေး အမှုဆောင်အရာရှိချုပ် ဦးဇော်မင်းဦးမှ eSIM ဝန်ဆောင်မှုကို မိုဘိုင်းပစ္စည်းတွေနဲ့စမ်းသပ်အောင်မြင်ခဲ့ပြီးနောက် eSIM ရတဲ့ ဖုန်းတွေမှာ MyTel ရဲ့ ဒီဝန်ဆောင်မှုကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့သုံးနိုင်မယ်လို့ဆိုပါတယ်။

Photo: 9to5 Mac

 

ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းပိုင်းက Apple ကုမ္ပဏီဟာ eSIM စနစ် ပါတဲ့ iPhone XS / XS Max တို့ကို မိတ်ဆက်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ ပထမဆုံး eSIM စနစ်ကို စတင် သုံးလာတာကတော့ Google ဒုတိယမျိုးဆက် Pixel 2 series စမတ်ဖုန်းတွေ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က