နယူးယော့ခ်မှာ မိတ်ဆက်သွားမှာပါ

iPhone သစ်မိတ်ဆက်ပွဲမှာ မမြင်ခဲ့ရတဲ့ iPad သစ်တွေကို Apple ဟာ ဒီလကုန်ပိုင်းမှာ မိတ်ဆက်သွားမယ်လို့ကြေငြာထားပါတယ်။



ipads_new_9to5mac_2.jpg

Photo: 9to5 Mac

 

အောက်တိုဘာ ၃၀ ရက် နယူးယော့ခ်မြို့ဘရွတ်ကလင်းမှာ ကျင်းပသွားမယ့် iPad သစ် မိတ်ဆက်ပွဲမှာ ဒီဇိုင်းနဲ့နည်းပညာဆန်းသစ်ထားတဲ့ Apple ရဲ့ တက်ဘလက်သစ်တွေနဲ့MacBook သစ်တွေကို မြင်ရမှာပါ။ လကုန်ပိုင်းမှာ မိတ်ဆက်သွားမယ့် Apple ထုတ်ကုန်သစ်တွေထဲမှာ စိတ်ဝင်စားဖို့အကောင်းဆုံးက iPad တွေပဲ ဖြစ်ပါတယ်။

သတင်းတွေမှာတော့ iPad သစ်တွေဟာ ရိုးရှင်းပြီး ပါးလွှာတဲ့ ဘေးဘောင်သား ၊ လုံးထားတဲ့ ကိုယ်ထည်ထောင့်စွန်းများနဲ့home button မပါတော့တဲ့ ဒီဇိုင်းသစ်များကို ယူဆောင်လာတော့မယ်လို့ဆိုပါတယ်။ iPad သစ်ဟာ ၁၁ လက်မဆိုဒ်နဲ့၁၂.၉ လက်မဆိုဒ် နှစ်မျိုးနဲ့လာပြီး iPhone X မှာ စသုံးခဲ့တဲ့ Face ID နည်းပညာသစ်ကို သုံးသွားဖို့ရှိပါတယ်။

iOS 12 beta နဲ့အတူ ထွက်ပေါ်လာခဲ့တဲ့ အချက်အလက်များအရ iPad သစ်တွေဟာ Face ID လုံခြုံရေးစနစ် သုံးလာဖို့ရှိုပြီး ဒီ feature ဟာ တက်ဘလက်ကို အလျားလိုက်အနေအထား landscape mode မှာ အလုပ်မလုပ်ဘူးလို့လည်း ဆိုပါတယ်။

FaceID အတွက် iPad Pro သစ်တွေဟာ TrueDepth အဆင့်မြင့် ကင်မရာစနစ်သုံးမှာ ဖြစ်လို့ဈေးကွက်မှာ နည်းပညာအမြင့်ဆုံး တက်ဘလက်အဖြစ် မြင်ရမှာပါ။ iPad သစ်တွေမှာ အပြောင်းအလဲအနေနဲ့Lightning စနစ်ကနေ USB Type C အားသွင်းစနစ်ကို သုံးသွားမှာ ဖြစ်လို့fast charging သုံးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

MacBook သစ်တွေမှာလည်း အရင် MacBook Air ထက် ဘေးဘောင် bezel ပိုပါးပြီး ရုပ်ထွက် ပိုမြင့်တဲ့ Retina Display နဲ့လာဖို့ရှိပါတယ်။ MacBook ထဲမှာ နောက်ထပ် Mini ဗားရှင်းကိုလည်း မိတ်ဆက်သွားမယ်လို့သတင်းတွေ ထွက်ထားပါတယ်။

Photo: 9to5 Mac

 

ဒီပွဲမှာ နောက်ထပ်မြင်ရမှာက iOS 12.1 ရဲ့ features သစ်တွေ ဖြစ်တဲ့ Group Face Time တို့dual SIM စနစ်အကြောင်းတို့နဲ့အတူ watchOS 5 update မှ EKG လုပ်ဆောင်ချက်သစ်တွေအကြောင်းပါ ကြေငြာဖို့ရှိပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က