dual lens ရတဲ့ ဖုန်းတွေမှာပဲ သုံးနိုင်မှာပါ

နှစ်ဆန်းပိုင်းကစပြီး News Feed မှာ အပြောင်းအလဲသစ်တွေ ဖော်ဆောင်လာတဲ့ Facebook ဟာ Interactive 3D ပုံတွေတင်ခွင့်ကို ပေးထားပြီ ဖြစ်ပါတယ်။

dcx_doc72ahc5qgdawfwfme8y0.jpg 

တစ်ခုရှိတာက 3D ပုံလို့ဆိုရာမှာ တကယ့် 3D စစ်စစ် အပြင်မှာ မြင်ရသလိုမျိုး ပတ်ပတ်လည် ထောင့်တိုင်းကနေ မြင်ရတာမျိုးတော့ မဟုတ်ပါဘူး။ Facebook ရဲ့ အဆိုကတော့ ဒီပုံတွေကို မြင်ရတဲ့သူဟာ ပြတင်းပေါက်နောက်မှာ ရပ်နေသူကို ဖြတ်သွားရင်း မြင်လိုက်ရသလိုမျိုး ခံစားရစေမယ်လို့ဆိုပါတယ်။

နောက်တစ်ခုကလည်း NewsFeed မှာ ဖုန်းတိုင်း ဒီလိုပုံတွေ ရိုက်တင်လို့ရမှာ မဟုတ်ပါဘူး။ dual cameras ရတဲ့ ဖုန်းတွေ နဲ့Portrait Mode ပါတဲ့ ဖုန်းတွေမှာပဲ Facebook ပေါ် 3D ပုံတွေ တင်နိုင်မှာပါ။ ပထမဆုံး ဓါတ်ပုံကို dual cameras ပါတဲ့ ဖုန်းနဲ့ရိုက်ပြီးတာနဲ့Facebook ဟာ ဒီပုံကို AI နည်းပညာအကူအညီနဲ့3D လိုမျိုး ဖြစ်အောင် ပြန်ပြင်သွားမှာ ဖြစ်ပါတယ်။

 

Facebook ကတော့ အကောင်းဆုံး 3D ပုံဖြစ်အောင် စိတ်ဝင်စားစရာ ကာလာနဲ့အဆင် ပါဝင်တဲ့ ဓါတ်ပုံကို သိပ်မနီးလွန်းတဲ့ အနေအထားကနေ ရိုက်ဖို့ညွှန်ကြားထားပါတယ်။ ဒီနည်းပညာဟာ 3D ပုံတွေ ဖန်တီးရာမှာ ရိုက်လိုက်တဲ့ အရာဝတ္ထုနဲ့ကင်မရာအနီးအဝေး ၊ အရှေ့အနောက် မြင်ကွင်းတွေကို ဖမ်းယူတာ ဖြစ်ပါတယ်။

"ကိုယ့်ရဲ့ dual -len ရတဲ့ ဖုန်း သုံးပြီး Portrait Mode နဲ့ပုံတစ်ပုံ ရိုက်လိုက်ပါ။ ပြီးရင် Facebook မှာ 3D Photo အဖြစ် ပြန်ရှယ်လိုက်ရုံပါပဲ။" လို့Facbeook 360 team က ဆိုပါတယ်။ ဒီပုံကို News Feed မှာ 3D ပုံအဖြစ် မြင်ရမှာ ဖြစ်ပါတယ်။

Facebook ဟာ ကုမ္ပဏီပိုင် Oculus Go ရဲ့ browser ကို သုံးပြီး VR ထဲမှာ 3D ပုံတွေ ကြည့်လို့ရအောင်ပါ ထုတ်ထားတာပါ။ တကယ်လို့VR headset ဖြစ်တဲ့ Oculus Rift ကို သုံးတယ်ဆိုရင် ဒီ headset မှာ ပါတဲ့ Firefox တို့Oculus Go browser တို့မှာ drag ဆွဲပြီး လည်း ပုံတွေကို 3D ခံစားမှုအပြည့်နဲ့ကြည့်နိုင်မယ်လို့ဆိုပါတယ်။

[No available link text] 

Facebook developer တွေဟာ မေလထဲမှာ ကျင်းပခဲ့တဲ့ F8 Developer conference မှာ 3D contents တွေကို drag-and-drop ဆွဲထည့်နိုင်မယ့် 3D Modelling apps များကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ ဒီ feature ကို ရှေ့သီတင်းပတ်တွေက စပြီး လူတိုင်း အသုံးပြုနိုင်တော့မှာပါ။

Share

Loading Next Article...
က္က