AD
AD
AD

ရုရှားဘက်မှ ကျောထောက်နောက်ခံပြုထားတဲ့ အဖွဲ့ တစ်ဖွဲ့ ဟာ အမေရိကန်ရွေးကောက်ပွဲ ကာလအတွင်း Facebook ပေါ်ကနေ လူမှုရေးနဲ့ နိုင်ငံရေးဆိုင်ရာ ပုံမှားရိုက်တဲ့ သတင်းမက်ဆေ့ခ်ျများကို ဖြန့် ဖြူးခဲ့တယ်လို့ Facebook မှ ထုတ်ပြန်လိုက်ပါတယ်။

play

 

၂၀၁၇ မေလမတိုင်ခင် နှစ်နှစ်ကျော်တဲ့အထိ အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း ကြေငြာပေါင်း ၃၃၀၀ ခန့် အတွက် ဒီအဖွဲ့ အစည်းဟာ ဒေါ်လာ ၁ သိန်း (ပေါင် ၇ သောင်း ၇ ထောင်)အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒီကြော်ငြာတွေဟာ နိုင်ငံရေးခေါင်းဆောင်တွေကို ထောက်ခံတဲ့ ပုံစံနဲ့ သွားတာ မဟုတ်ဘဲ လူဝင်မှု ကြီးကြပ်ရေး ၊ လိင်တူချစ်သူဆိုင်ရာ ပြဿနာများ၊ လူမျိုးရေးနဲ့ ခွင့်တူညီမျှရေးဆိုင်ရာ ခေါင်းစဉ်များအောက်မှာ ပို့ စ်တွေ တင်ခဲ့တာ ဖြစ်ပါတယ်။

 

Facebook ဟာ ပြီးခဲ့တဲ့နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း ရုရှားတွေရဲ့ စွက်ဖက်မှုကို စုံစမ်းနေတဲ့ အထူးစုံစမ်းစစ်ဆေးရေး အရာရှိရောဘတ်မှုလာနဲ့ အတူ ယခုကိစ္စကို ပူးပေါင်းဖော်ထုတ်နေတာ ဖြစ်ပါတယ်။ Facebook ပေါ် တင်ခဲ့တဲ့ သတင်းမှား ဖြန့် ချိထားတဲ့ ကြော်ငြာတွေဟာ အကောင့်ပေါင်း ၄၇၀ ကနေ တင်နေကြတာ ဖြစ်ပြီး Facebook ရဲ့ စည်းမျဉ်းစည်းကမ်းအရလည်း ချိုးဖောက်ရာ ရောက်တယ်လို့ ဆိုပါတယ်။

 

ဒီအဖွဲ့ အစည်းရဲ့အကြောင်းကို အတည်ပြုမထားပေမယ့် ဒီအကောင့်တွေဟာ  ရုရှားလူငယ် လူမှုမီဒီယာအဖွဲ့ အစည်းတစ်ခု နာမည်ကျော်တဲ့ စိန့် ပီတာစဘာ့ဂ်အခြေစိုက် Internet Research Agency ရဲ့ အကောင့်တွေ ဖြစ်ဖို့ ရှိတယ်လို့ Facebook မှ ယုံကြည်နေပါတယ်။ အခုဒီအကောင့်တွေကိုလည်း ပိတ်ထားပြီး ဖြစ်တယ်လို့  Facebook လုံခြုံရေးအမှုဆောင်အရာရှိချုပ်မှ ပြောထားပါတယ်။

play

 

၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွင်း ရုရှားအဖွဲ့ အစည်းများဟာ ယခုသမ္မတဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် တရားမဝင်ပတ်သတ်ခဲ့တယ်လို့ သံသယရှိခံရပါတယ်။ ဒီရွေးကောက်ပွဲအတွင်း Facebook အပါအဝင် လူမှုကွန်ရက်များဟာ သတင်းမှား ဖြန့် ချိရာနေရာဖြစ်ခဲ့ခြင်းအပေါ် အားလုံးက ဝေဖန်ခဲ့ကြပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD