အရှေ့တောင်အာရှနိုင်ငံအချို့မှာ ပြသသွားမှာပါ။

အင်အားအကြီးမားဆုံး ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ ဖေ့ဘွတ်ခ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို အရှေ့တောင်အာရှနိုင်ငံများမှာ ပြသဖို့အတွက် ဝယ်ယူကမ်းလှမ်းမှု အောင်မြင်သွားခဲ့တယ်လို့ သိရပါတယ်။ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား နဲ့ လာအိုနိုင်ငံတို့မှာ ပြသဖို့ ဖေ့ဘွတ်ခ်က ဝယ်ယူခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်မှာ စတင်ပြသတော့မှာ ဖြစ်ပါတယ်။

 

The Times ရဲ့ ဖော်ပြချက်အရ ပရီးမီးယားလိဂ် နဲ့ ဖေ့ဘွတ်ခ်တို့ကြားမှာ ပထမဆုံးအကြိမ် သဘောတူညီချက် ရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ (၃)နှစ်သက်တမ်း ပြသခွင့်အတွက် ဖေ့ဘွတ်ခ်ဟာ ပေါင်သန်း (၂၀၀) အသုံးပြုခဲ့ရတယ်လို့လည်း The Times က ဖော်ပြသွားခဲပါတယ်။

Photo : beinSports

အင်္ဂလန်နိုင်ငံမှာ ရုပ်သံထုတ်လွှင့်ခွင့်ကို ကြီးစိုးထားတာကတော့ Sky Sports နဲ့ BT တို့ ဖြစ်ပြီး နာမည်ကျော် Amazon ကလည်း ပရီးမီးယားလိဂ်ပွဲစဉ်အချို့ကို ပြသဖို့အတွက် ဝယ်ယူနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

Photo : amazon

 

အွန်လိုင်းရောင်းဝယ်ရေးဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Amazon က ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း (၂၀)ကို ပြသဖို့ ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်နိုင်ငံက Amazon အဖွဲ့ဝင်တွေအနေနဲ့ အဆိုပါပွဲစဉ်များအတွက် အပိုငွေကြေး တစ်စုံတစ်ရာ ကုန်ကျမှုရှိမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

Photo : Sky Sports

 

ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ရစ်ချက်စကူဒါမိုးကတော့ နည်းပညာပိုမိုကျယ်ပြန့်တဲ့ ကုမ္ပဏီကြီးတွေနဲ့ စာချုပ်ချုပ်ဆိုဖို့ ရည်ရွယ်နေပြီး အကျိုးအမြတ်အများအပြား ရရှိမယ်လို့ ယုံကြည်နေကြောင်းလည်း 90 min က ဖော်ပြခဲ့ပါတယ်။ Netflix နဲ့ YouTube တို့လို ကုမ္ပဏီတွေက ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြသလာစေဖို့အတွက် စကူဒါမိုးက ပစ်မှတ်ထားနေတယ်လို့လည်း သိရပါတယ်။

Photo : Engadget

 

ဖေ့ဘွတ်ခ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ပြသဖို့အတွက် စတင်ခြေလှမ်းလှမ်းခဲ့တာဖြစ်ပြီး ပွဲစဉ် (၃၈၀)လုံးကို ပြသသွားမှာ ဖြစ်ပါတယ်။ ဖေ့ဘွတ်ခ်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း အိန္ဒိယရဲ့ ခရစ်ကတ်လိဂ်ပြိုင်ပွဲတွေကို ထုတ်လွှင့်ဖို့အတွက် ပေါင်သန်း (၄၅၀) နဲ့ ကမ်းလှမ်းဖို့ ကြိုးစား ခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

Share

Loading Next Article...
က္က