၂၀၁၈ ပထမ ၃ လပတ်အတွင်း Facebook ရဲ့ ၅ မိနစ်စက္ကန့်၃၀စာ ဝင်ငွေဟာ ပေါင် ၅ သိန်း ရှိပါတယ်။

သုံးစွဲသူ ကိုယ်ရေးအချက်အလက်များ ကာကွယ်ဖို့ပျက်ကွက်ခြင်းနဲ့ပွင့်လင်းမြင်သာမှု ကင်းမဲ့ခြင်းများကြောင့် Facebook ဟာ ICO ရဲ့ အမြင့်ဆုံးဖြစ်တဲ့ ငွေဒဏ်တပ်ခံရဖို့ရှိနေပါတယ်။

www.jpg

photo: Newstalk

 

Cambridge Analytica ဒေတာပေါက်ကြားမှုနဲ့ဆက်စပ်ပြီး ဗြိတိန် သတင်းအချက်အလက် ကော်မရှင်နာရုံး ICO ကနေ အချက်အလက် ကာကွယ်ရေးအက်ဥပဒေ ၂ ရပ်ကို ချိုးဖောက်မှုနဲ့ဒဏ်တပ်လိုက်တာပါ။ ဒီအမှုဟာ EU ကနေ ဗြိတိန်နှုတ်ထွက်ရေးမဲခွဲမှုမတိုင်ခင် ဖြစ်ရပ်တစ်ခုကို စုံစမ်းမှုနဲ့လည်း ဆက်စပ်နေပါတယ်။

သုံးစွဲသူသန်းပေါင်းများစွာရဲ့ အချက်အလက်များ ပေါက်ကြားသွားပြီးချိန်ကစပြီး ICO ဟာ Facebook ကို စုံစမ်းစစ်ဆေးနေတာပါ။ Facebook ကိုယ်တိုင်က ၂၀၁၆ ခုနှစ်က ဒေါ်နယ်ထရမ့် သမ္မတဖြစ်ဖို့လှုပ်ရှားခဲ့တဲ့ ဗြိတိန်အတိုင်ပင်ခံလုပ်ငန်း Cambridge Analytica ကြောင့် သုံးစွဲသူ ၈၇ သန်း ကျော်ရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တယ်လို့ဝန်ခံထားပါတယ်။

Facebook ပေါ် ဒဏ်ကြေးတပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ICO ကော်မရှင်နာမင်းကြီး ဖြစ်သူ အဲလီဇဘတ် ဒန်ဟမ်က "ငွေဒဏ်နဲ့ပြစ်မှုဆိုတာတွေဟာ ဆိုးဝါးသူတွေကို ပြစ်ဒဏ်ပေးဖို့လုပ်တာပါ။ ကျွန်မ တကယ်ရည်ရွယ်တာက ကျွန်မတို့ရဲ့ ဒီမိုကရက်တစ်စနစ်ပေါ် ယုံကြည်မှု ခိုင်မာလာစေဖို့နဲ့ဒီယုံကြည်မှုကို မပျောက်ပျက်စေမယ့် အပြောင်းအလဲတစ်ခု ဖြစ်လာစေဖို့ပါ။" လို့ဆိုပါတယ်။

 

Cambridge Analytica ဟာ ၂၀၁၆ နှစ်လယ်ပိုင်းက Brexit မဲခွဲမှုမတိုင်ခင်မှာ Leave.Eu ကမ်ပိန်းနဲ့အစည်းအဝေးတွေ လုပ်ဆောင်ထားခဲ့တယ်လို့စွပ်စွဲခံထားရပါတယ်။ အမေရိကန်နဲ့ဗြိတိန်တို့မှာ ဒေဝါလီခံထားတဲ့ Cambridge Analytica ကတော့ ဒီစွပ်စွဲချက်များကို ငြင်းဆိုထားပါတယ်။

Facebook တည်ထောင်သူ မတ်ခ်ဇူကာဘတ်ခ်ဟာ Cambridge Analytica အချက်အလက်ပေါက်ကြားမှုနဲ့ဆက်စပ်ပြီး EU လွှတ်တော်အမတ်များရဲ့ စစ်ဆေးမေးမြန်းမှုခံခဲ့ရပါတယ်။ Facebook ဟာ Cambridge Analytica ဒေတာပေါက်ကြားမှုကို လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက သိထားပေမယ့် လူသိရှင်ကြားဖြစ်မှသာ ထုတ်ဖော်ဝန်ခံထားတာလည်း ဖြစ်ပါတယ်။

ဥရောပအထွေထွေ ဒေတာကာကွယ်ရေး GDPR မှာတော့ အချက်အလက်ပေါက်ကြားမှု ဖြစ်စေပါက ဝင်ငွေရဲ့ ၄% ဖြစ်စေ ၊ ယူရို သန်း ၂၀ ဖြစ်စေ ဒဏ်တပ်နိုင်မှာပါ။ Facebook သာဆိုရင်တာ့ အနည်းဆုံး ဒေါ်လာ ၁.၉ ဘီလျံ ပေးဆောင်ရဖို့ရှိပါတယ်။ ICO ဟာ ၁၉၉၈ ခုနှစ် အချက်အလက်ကာကွယ်ရေးအက်ဥပဒေရဲ့ အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်တဲ့ ပေါင် ၅၆၆၀၀၀ (ဒေါ်လာ ၆၆၀၀၀၀) ဒဏ်တပ်သွားမှာပါ။

 

၂၀၁၈ ခုနှစ် ပထမ ၃ လပတ်အတွင်း Facebook ရဲ့ ၅ မိနစ်စက္ကန့်၃၀စာ ဝင်ငွေဟာ ပေါင် ၅ သိန်းထိ ရှိခဲ့ပါတယ်။ အနည်းဆုံး ပေါင် ၄၄၅ ဘီလျံတန် ကုမ္ပဏီတစ်ခုအတွက်တော့ ဒီ ဒဏ်ကြေးဟာ မှုစရာမဟုတ်ခဲ့ပါဘူး။

Share

Loading Next Article...
က္က