အခြေခံသဘောထား ၃ ခုပေါ် ရပ်တည်နေတယ်လို့ဆိုပါတယ်။

မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးမှာ Facebook ဟာ တစ်ချို့ဘာသာရေးအဖွဲ့အစည်းများကို အရေးပိုပေးတာ ၊ ဖိနှိပ်တာ မလုပ်ဘဲ လူမှုကွန်ရက်စံနှုန်းတွေကို တပြေးညီ ကျင့်သုံးနေတယ်လို့ထုတ်ပြန်ထားပါတယ်။

facebook-community-standards-2.jpg

photo: Facebook Safety

 

Facebook ရဲ့ မူဝါဒ ညီမျှမှု မရှိဘူးဆိုတဲ့ စိုးရိမ်ချက်ပေါ် ဖြေရှင်းလိုက်တာ ဖြစ်ပြီး လူမှုကွန်ရက်ကို ဘေးကင်းမှု ၊ စကားသံများနဲ့သာတူညီမျှမှု ဆိုတဲ့ အခြေခံစံနှုန်း ၃ ခုပေါ်မှာ ရပ်တည်နေတယ်လို့ဆိုပါတယ်။ ဒီထဲမှာ လွတ်လပ်စွာ ပြောရေးဆိုခွင့်အတွက်လည်း လမ်းဖွင့်ပေးထားပြီး အစိုးရနဲ့ဘာသာရေးခေါင်းဆောင်များလို ပြည်သူ့ပြယုဂ်တွေအပေါ် ဝေဖန်ခွင့်လေး ပေးထားတယ်လို့ဖော်ပြထားပါတယ်။

Facebook ရဲ့ လူမှုကွန်ရက်စံနှုန်းဆိုင်ရာ ထုတ်ပြန်ချက်ထဲမှာ "ပြည်သူ့ပြယုဂ်တွေကို  ဝေဖန်မေးမြန်းမှုတွေဟာ အမုန်းစကား၊ စော်ကားမှု သို့မဟုတ်အကြမ်းဖက်မှုတွေ အဆင့်ကို ရောက်မလာသ၍ ဒီမိုကရေစီနဲ့  လွတ်လပ်စွာ ပြောဆိုခွင့်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ " လို့ပါရှိပါတယ်။

ချွင်းချက်အနေနဲ့Facebook ဟာ မြန်မာအစိုးရရဲ့ တောင်းဆိုချက်ကြောင့် ပိတ်ပင်ထားတဲ့ အကြောင်းအရာ အနည်းငယ် ရှိတယ်လို့လည်း ဆိုပါတယ်။ Facebook ရဲ့မူနဲ့ကိုက်ညီပြီး မြန်မာနိုင်ငံအတွင်းဥပဒေချိုးဖောက်ရာ ရောက်တဲ့ အကြောင်းအရာများကို ပြည်တွင်းမှာပဲ ကြည်ရှုအသုံးပြုခွင့် ပိတ်ပင်ထားတာပါ။

Facebook ပေါ်က content တွေကိုတော့ ဘာသာစကားအမျိုးပေါင်း ၅၀ နဲ့ဆန်းစစ်ဖို့Training ပေးထားတဲ့အဖွဲ့များ သီးသန့်ဖွဲ့ထားပါတယ်။ မြန်မာနိုင်ငံမှာ Facebook ကို ပုံမှန်သုံးစွဲသူ ၁၈ သန်းကျော် ရှိထားပြီး အကောင့်လုံခြုံရေး ပညာပေးခြင်း ကမ်ပိန်းများအပြင် Facebook ရဲ့ Safety page မှာ မြန်မာဘာသာနဲ့အကောင့်လုံခြုံရေး အကြံပေးလမ်းညွှန် ဗွီဒီယိုဖိုင်လည်း တင်ပေးထားပါတယ်။

photo: Facebook Newsroom

 

လက်ရှိမှာ Facebook ဟာ Community Boost အစီအစဉ်အဖြစ် အမေရိကန်မြို့ပေါင်း ၃၀ ကို သွားရောက်ပြီး လုပ်ငန်းခွင်  ဒစ်ဂျစ်တယ်ကျွမ်းကျင်မှု ဆိုင်ရာ သင်တန်းများပေးနေပြီလို့ဆိုပါတယ်။ Facebook Community Boost ဟာ ဇူလိုင် ၁၁ ရက်နေ့မှာ Ignite Buffalo Program အစီအစဉ်ကနေ စီးပွားရေးလုပ်ငန်းငယ် ၂၇ ခုအတွက် ဒေါ်လာ ၂ သောင်းခွဲကနေ ဒေါ်လာ ၁ သိန်းတန် ဆုများချီးမြှင့်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က