Facebook အနေနဲ့ထပ်မံ တရားရင်ဆိုင်သွားဖို့ရှိပါတယ်။

၂၀၁၂ ခုနှစ်က ဘာလင်မှာ ရထားတိုက်ခံရပြီး သေသွားတဲ့ သမီးရဲ့ Facebook အကောင့်ထဲ အမေဖြစ်သူမှ log in ဝင်ခွင့် ရသွားပြီ ဖြစ်ပါတယ်။

photo: ABC News

 

ကာရူဟီဖက်ဒရယ်တရားရုံးကနေ အမိန့်ချမှတ်လိုက်တာ ဖြစ်ပြီး ဒီစီရင်ချက်ကြောင့် Facebook ဟာ privacy အရ သေဆုံးသူရဲ့ လော့ခ်ခတ်ထားတဲ့ အကောင့်ကို မိခင်ကို ပေးရတော့မှာပါ။ ကာယကံရှင် မိခင်ဖြစ်သူဟာ သမီးသေဆုံးမှုဟာ မတော်တဆကြောင့်လား ၊ ကိုယ့်ကိုယ်ကို သတ်သေတာလား သိရဖို့သမီးရဲ့ Facebook အကောင့်ထဲ ဝင်ခွင့်လျှောက်ထားခဲ့တာပါ။

Facebook ရဲ့ တရားဝင်စည်းမျဉ်းစည်းကမ်းများထဲမှာ သုံးစွဲသူတစ်ယောက်ယောက် သေဆုံးသွားတဲ့အခါ Facebook အဖွဲ့မှ ကွယ်လွန်သူရဲ့ ကိုယ်ရေးဆိုင်ရာများကို ကာကွယ်ပေးတဲ့ မူတစ်ရပ် ချထားပါတယ်။ ဒီမူအရ အကောင့်တစ်ခုရဲ့ Memory ကို ပြန်ခေါ်ပြတဲ့အခါ အတည်ဖြစ်ပြီးသား မိတ်ဆွေများပဲ ဒီ privacy settings များကို မြင်ရအောင် လုပ်ပေးထားတာပါ။

၂၀၁၂ ခုနှစ်က ဘာလင်မှာ မြေအောက်ရထားနဲ့တိုက်မိပြီး သေဆုံးသွားတဲ့ အမျိုးသမီးငယ်ရဲ့ profile ဟာ လက်ရှိမှာ memorial page တစ်ခုထဲ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ ဒီအကောင့်ရဲ့ အချက်အလက်များကိုတော့ Facebook servers များထဲမှာ သိမ်းထားပြီး privacy အရ မိဘများလည်း  access ပေးခွင့် မပြုခဲ့ပါဘူး။

memorial page မှာ မိသားစုနဲ့မိတ်ဆွေတွေဟာ အမှတ်တရအနေနဲ့ပို့စ်တွေ ချန်ထားခဲ့နိုင်ပေမယ့် log in ဝင်လို့မရပါဘူး။ နောက်တစ်ချက်က ကွယ်လွန်သူတစ်ယောက်ရဲ့အကောင့်ကို ဖျက်ပစ်ဖို့အထူးတောင်းဆိုချက်အနေနဲ့လည်း တင်လို့ရပါတယ်။ ဒီလိုတင်ဖို့အတွက်ဆို မိသားစုဝင်တွေဆီက သေဆုံးကြောင်း အတည်ပြုထောက်ခံစာ လိုပါတယ်။

photo: the Star Online

 

အစောပိုင်းက ဂျာမဏီနိုင်ငံ ဘာလင်တရားရုံးရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်များဆိုင်ရာ ဥပဒေများအရ မိခင်ဖြစ်ပေမယ့် သားသမီးရဲ့ အတွင်းရေးကို ပေးသိခွင့်မရှိဘူးလို့ဆုံးဖြတ်ခဲ့ပြီး Facebook ကလည်း ဒီဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အောက်တရားရုံးရဲ့ စီရင်ချက်အပေါ် Facebook အနေနဲ့ထပ်မံ တရားရင်ဆိုင်သွားဖို့ရှိပါတယ်။ 

Share

Loading Next Article...
က္က