Facebook ရဲ့ COO အကောင့်လည်း ပါသွားတယ်လို့ဆိုပါတယ်။

အကောင့်ပေါင်းသန်း ၅၀ ခန့်တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မှာ Facebook ရဲ့ CEO မတ်ခ်ဇူကာဘတ်အပါအဝင် COO ဖြစ်သူ ရှာလီဆန်ဘာ့ဂ်ရဲ့ အကောင့်လည်း ပါသွားတယ်လို့သတင်းထွက်ပေါ်နေပါတယ်။

security1 (1).png

Photo: Facebook Newsroom

 

New York Times သတင်းများအရ Facaebook ရဲ့ ထိပ်တန်းဦးဆောင်သူ ၂ ဦး ဖြစ်တဲ့ ဇူကာဘတ်ခ်နဲ့ရှာလီ ဆန်းဘာ့ဂ်တို့ဟာ စက်တင်ဘာ ၂၅ ရက် ဆိုက်ဘာတိုက်ခိုက်ခံရမှုမှာ ပါဝင်နေတယ်လို့ဆိုပါတယ်။ Facebook ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်မှာတော့ ကုမ္ပဏီရဲ့ CEO နဲ့COO တို့ရဲ့ အကောင့်တွေ ပေါက်ကြားမှု ဖြစ်ခဲ့တယ်လို့ဖော်ပြခြင်း မရှိခဲ့ပါဘူး။

Facebook ဟာ ဒီတိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးနေပြီး နောက်ကွယ်က လက်သည်ကို အခုထိ မသိရသေးဘူးလို့ဆိုပါတယ်။ ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ ထိုင်ဝမ်မှ ထိပ်တန်း white hat ဟက်ကာတစ်ဦးဖြစ်သူ Chang Chi-yuang ဟာ မတ်ခ်ဇူကာဘတ်အကောင့်ကို ဖျက်ပစ်မယ်လို့Live လွှင့်ပြီး ခြိမ်းခြောက်ခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်မှာတော့ သူရဲ့ ပို့စ်မှာပဲ ဒီတိုက်ခိုက်မှုကို ပယ်ဖျက်ကြောင်း ကြေငြာခဲ့ပြန်ပါတယ်။ ဒီပို့စ်မှာပဲ သူ့ရဲ့ Live feed ကို ပြန်ဖျက်ထားပြီး Facebok ကို bug ယိုကွက် ရှိနေကြောင်း တင်ပြခဲ့တယ်လို့ဆိုပါတယ်။ ဒါကလည်း Facebook ဆီက ဆုကြေးရမှ သက်သေပြမယ်လို့လည်း သူက ရေးခဲ့ပါတယ်။

ဒီဖြစ်ရပ်မှာ Faecbook ဟာ View As ကနေ လုံခြုံရေး bug ကို တွေ့ခဲ့ပါတယ်။ ဒီတွေ့ရှိချက်အရ ဟက်ကာတွေဟာ View As ကနေ သုံစွဲသူတွေရဲ့ အကောင့်ထဲ ဝင်ခွင့် access token ယူနိုင်တယ်လို့ဆိုပါတယ်။ လက်ရှိမှာ ဒီဖြစ်ရပ်နဲ့ဆက်စပ်ပြီး နောက်ထပ် အကောင့်ပေါင်း သန်း ၄၀ ကိုပါ Facebook ဟာ reset ပြန်ချထားတယ်လို့ကြေငြာထားပါတယ်။

Photo: Latest LY

 

Facebook ရဲ့ စနစ်ပိုင်း လုံခြုံရေးပညာရှင်များဟာ View As ကို ယာယီ disable လုပ်ပြီး စိစစ်မှုတွေ လုပ်ဆောင်ထားတယ်လို့ဆိုပါတယ်။

Share

Loading Next Article...
က္က