FBI နဲ့ပေါင်းပြီး စုံစမ်းမှု စတင်ခဲ့တာပါ

မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ Facebook အကောင့်ပေါင်း သန်း ၃၀ ခန့်ရဲ့ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားမှုမှာ လက်သည်တရားခံဖြစ်နိုင်သူတွေကို စုံစမ်းရရှိထားတယ်လို့ဆိုပါတယ်။

NINTCHDBPICT0003935384967.jpg

Photo: The Sun

 

Wall Street Journal ရဲ့ သတင်းမှာတော့ သန်းနဲ့ချီတဲ့ Facebook အကောင့်တွေကို ခိုးယူသူတွေဟာ ဒစ်ဂျစ်တယ်ကြော်ငြာတွေကနေ လှည့်ဖျားပြီး ငွေလိမ်နေတဲ့ spammer တွေ ဖြစ်မယ်လို့Facebook ရဲ့ အတွင်းလူတွေဆီက သတင်းကို ကိုးကားဖော်ပြထားပါတယ်။ စစ်ဆေးတွေ့ရှိချက်များအရ Facebook အကောင့်များကို ဟက်ခ်ခဲ့သူတွေဟာ အစိုးရနဲ့မသက်ဆိုင်သူတွေ ဖြစ်တယ်လို့ဆိုပါတယ်။

Facebook ဘက်မှ အကောင့်ပေါက်ကြားမှုကို စုံစမ်းစစ်ဆေးနေတဲ့ သုတေသီတွေကတော့ ဒီတိုက်ခိုက်မှုကို Facebook နဲ့Instagram ပေါ်က spam လုပ်တဲ့ အဖွဲ့တစ်ဖွဲ့ကနေ လုပ်ဆောင်ခဲ့တယ်လို့ယုံကြည်နေပါတယ်။ ဒီ spammer တွေဟာ လူမှုကွန်ရက်မှာ သူတို့ကိုယ်သူတို့ဒစ်ဂျစ်တယ် မားကတ်တင်းကုမ္ပဏီအဖြစ် ဟန်ဆောင်နေမယ်လို့လည်း Facebook မှ ယူဆထားပါတယ်။

ကုမ္ပဏီရဲ့အဆိုအရ ဟက်ကာတွေဟာ သူတို့ထိန်းချုပ်ထားတဲ့ အကောင့်ပေါင်း ၄ သိန်းကို သုံးပြီး Facebook သုံးစွဲသူ သန်း ၃၀ နီးပါးရဲ့ access tokens တွေကို ခိုးသွားခဲ့တယ်လို့ဆိုပါတယ်။ ဒီ access tokens တွေကို ရတာကြောင့် Facebook သုံးစွဲသူတစ်ယောက်ရဲ့ အကောင့်ထဲကို စကားဝှက်ရိုက်ထည့်စရာ မလိုဘဲ log in ဝင်နိုင်မှာ ဖြစ်ပါတယ်။

Facebook ဟာ  စက်တင်ဘာ ၁၄ ရက်နေ့မှာ ဒီတိုက်ခိုက်မှုကို စတင် တွေ့ရှိခဲ့ပြီးနောက် FBI နဲ့ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။ အစောပိုင်းက View As feature ရဲ့ လုံခြုံရေး ယိုပေါက်ကနေ Facebook သုံးစွဲသူ သန်း ၅၀ ရဲ့ အချက်အလက်တွေ ထိသွားခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပြီး နောက်ထပ် အကောင့် သန်း ၄၀ အပါအဝင် စုစုပေါင်း သန်း ၉၀ ကို ကုမ္ပဏီမှ reset ချပေးခဲ့ပါတယ်။

Photo: Digg

 

အတိုက်ခိုက်ခံရတဲ့ အကောင့်သန်း ၅၀ ထဲမှာ ၁၄ သန်းဟာ နာမည် ၊ လိပ်စာ နဲ့သွားခဲ့တဲ့ နေရာတွေအပါအဝင် အရေးကြီး အချက်အလက်တွေ ပါသွားခဲ့ပြီး နောက်ထပ် ၁၅ သန်းမှာတော့ နာမည်နဲ့လိပ်စာတွေ ပေါက်ကြားသွားခဲ့ပါတယ်။ Facebook ရဲ့ အဆိုအရ နောက်ထပ် ၁ သန်းဟာလည်း access tokens တွေ ဟက်ကာများ လက်ထဲ ပါသွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က