spam post ပေါင်း သန်း ၂၁၀၀ ကျေ်ာကို ဖျက်ဆီးခဲ့ပါတယ်

လစဉ် သုံးစွဲသူ သန်း ၂၂၀၀ ကျော် ရှိထားတဲ့ Facebook ရဲ့ အကောင့် ရှင်းလင်းရေးကတော့ စံချိန်တင်လောက်ပါတယ်။



Screenshot-2018-11-16-at-10.34.31-AM.png

Photo: TNW

 

Facebook ကနေ ထုတ်ပြန်တဲ့ Community Standards အစီရင်ခံစာအရ ယခုနှစ် ဧပြီကနေ စက်တင်ဘာလအတွင်း အကောင့်တုပေါင်း သန်း ၁၅၀၀ ကျော်ကို ဖျက်သိမ်းခဲ့တယ်လို့ဆိုပါတယ်။

ဒီအစီရင်ခံစာထဲမှာ Facebook အနေနဲ့ကုမ္ပဏီရဲ့ လူမှုကွန်ရက်စံနဲ့မညီတဲ့ လိင်ဆွဲဆောင်တဲ့ အဖော်အချွတ်ပုံတွေ ၊  အမုန်းစကား ၊ အကြမ်းဖက် ဝါဒဖြန့်တာ ၊ မသင့်တော်တဲ့ ရုပ်သံဗွီဒီယို content တွေနဲ့ လိမ်ညာတုပထားတဲ့ အကောင့်တွေကို ဖယ်ရှားခဲ့တယ်လို့ဖော်ပြထားပါတယ်။

၂၀၁၈ ဒုတိယသုံးလပတ်အတွင်း Facebook ဟာ အကောင့်တု သန်း ၈၀၀ နဲ့တတိယသုံးလပတ်အတွင်း ၇၅၄ သန်း ဖယ်ရှားခဲ့တာပါ။  အကောင့်တုအများစုဟာ ဆိုက်ဘာတိုက်ခိုက်မှု လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ပြီး ဖွင့်ထားတာလို့လည်း ကုမ္ပဏီက ဆိုပါတယ်။

Facebook ရဲ့ စည်းကမ်းနဲ့မညီတဲ့ ပို့စ်တွေ အကောင့်တွေကို အရေးယူမှုဟာ အတော်လေး တိုးတက်တဲ့ အနေအထား ပြလာပါတယ်။ အစီရင်ခံစာအရ စံနှုန်းချိုးဖောက်ခဲ့တဲ့ content တွေရဲ့ ၉၅.၅%ဟာ အွန်လိုင်းပေါ် မပြန့်ခင်မှာ ဖယ်ရှားနိုင်ခဲ့တာလို့ဆိုပါတယ်။

ဒီအကောင့်တုတွေကို Facebook ရဲ့ AI tools တွေကနေ နေ့စဉ် ထောက်လှမ်းဖျက်ဆီးနေတာ ဖြစ်ပြီး အမုန်းစကားတွေကို စောင့်ကြည့်ရာမှာတော့ AI ဟာ ၃၈% ပဲ သိနိုင်သေးတယ်လို့ဆိုပါတယ်။

Facebook ပေါ်မှာ အကောင့်တုသန်းပေါင်းများစွာ ရှိနေတာက အံ့သြစရာတော့ မဟုတ်ပါဘူး။ ၂၀၁၈ ပထမ ၃ လပတ်အတွင်း ထုတ်ပြန်တဲ့ Facebook ရဲ့ အစီရင်ခံစာမှာ ဇန်နဝါရီကနေ မတ်လအတွင်း အကောင့်တုပေါင်း သန်း ၅၈၀ ကျော်ကို ဖယ်ရှားခဲ့တယ်လို့ဖော်ပြထားပါတယ်။

Photo: Time

 

Facebook ပလက်ဖောင်းပေါ်က လှုပ်ရှားမှုများကို စောင့်ကြည့်နေတဲ့ moderator များဟာ ဒီသုံးလအတွင်း ပျမ်းမျှအားဖြင့် အကောင့်တုပေါင်း ၆ သန်းခွဲကျော် နေ့တိုင်း တက်လာတယ်လို့ဆိုပါတယ်။ Facebook အနေနဲ့ယခု ၆ လအတွင်း spam post ပေါင်း သန်း ၂၁၀၀ ကျော် ဖယ်ရှားနိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က