နှစ်နှစ်ကြာ လေ့ကျင့်ပေးမယ့် အစီအစဉ်အတွက်ပါ

ဂျာနယ်လစ် ၈၀ ဝန်းကျင်ကို နှစ်နှစ်တာ လေ့ကျင့်သင်ကြားပေးမယ့် အစီအစဉ်အတွက် Facebook ဟာ ဒေါ်လာ သန်းချီတန်တဲ့ ရန်ပုံငွေတစ်ရပ် စိုက်ထူလိုက်ပါတယ်။

mark-zuckerberg-facebook-bold-focus-impact-1912.jpg

Photo: CNET

 

Community News Project ဟာ ဒေသတွင်းသတင်းစာနဲ့သတင်းထောက်တွေ မရှိတဲ့ မြို့တွေဆီက သတင်းတွေ ပိုသိရှိရဖို့အတွက် ထူထောင်လိုက်တာ ဖြစ်တယ်လို့Facebook က ဆိုပါတယ်။ ဒီပရောဂျက်အတွက် ရန်ပုံငွေကို Facebook ဟာ ဂျာနယ်လစ်လေ့ကျင့်ရေး အမျိုးသားကောင်စီ NCTJ ကို လှူဒါန်းလိုက်တာပါ။

Facebook ဟာ ယခုပရောဂျက်အတွက် Newsquest ၊ JPIMedia ၊ Reach ၊ Archant နဲ့Midland News Association တို့နဲ့လက်တွဲလုပ်ဆောင်နေတယ်လို့ဆိုပါတယ်။ ဂျာနယ်လစ် သင်တန်းသား ၈၀ ခန့်ကို ၂ နှစ်ကြာ သင်တန်းပေးမယ့် ဒီအစီအစဉ်ရဲ့ ကုန်ကျစရိတ် အဝဝကို Facebook မှ တာဝန်ယူမှာပါ။ ဒါဟာ ကမ္ဘာပေါ်မှာ ပထမဆုံး လူမှုကွန်ရက်တစ်ခုမှ ဂျာနယ်လစ်အဖွဲ့အစည်းအတွက် ပေးတဲ့ ရန်ပုံငွေလည်း ဖြစ်ပါတယ်။

"Community News တွေကို Facebook စာမျက်နှာတွေနဲ့Groups တွေမှာ ကျယ်ကျယ်ပြန့်ပြန့်share ကြပါတယ်။ အခုလို ပူးပေါင်းလိုက်တာက လူ့အသိုင်းအဝိုင်းကြားက သတင်းအရင်းအမြစ်တွေကနေ အကျိုးအမြတ်မရရှိတဲ့ အဖွဲ့အစည်းတွေကို ကူညီရာ ရောက်ပါတယ်။"လို့Reach PLC သတင်းစာမှ ပရိတ်သတ်ပိုင်း အကြီးအကဲ ဖြစ်သူ ကာရင်ဖလိတင်းက ဆိုပါတယ်။

social media လို့ခေါ်တဲ့ Facebook လိုမျိုး လူမှုကွန်ရက်တွေ ပေါ်လာပြီးနောက် သမရိုးကျသတင်းစာတစ်ချို့ပျောက်ကွယ်ကုန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ တစ်နှစ်တည်းမှာပဲ ယူကေမှ ဒေသသတင်းစာအစောင်ရေ ၄၀ ခန့်ပြုတ်သွားခဲ့တာကြောင့် ရန်ပုံငွေ အရေးတကြီး လိုအပ်နေတာပါ။

Facebook ဟာ ၂၀၁၇ ခုနှစ်က ယူကေနိုင်ငံကနေ ပေါင် ၁.၂၇ ဘီလျံ ဝင်ခဲ့ပါတယ်။ ယူကေရဲ့ အကြီးဆုံး သတင်းစာစောင် Johnston Press ကတော့ ပေါင် သန်း ၁၀၀ ပဲ ဝင်ခဲ့တာ ဖြစ်ပါတယ်။

Photo: Engadget

 

Facebook ဟာ ၂၀၁၇ ဇန်နဝါရီလကတည်းက Facebook Journalism Project တစ်ခု စတင်ခဲ့ပြီး အဖွဲ့အစည်း ၄ ခုမှ ဂျာနယ်လစ် ကျောင်းသားများအတွက် ဒေါ်လာ ၁ သန်းတန် ပညာသင်ဆု ချီးမြှင်မယ်လို့ကြေငြာထားပါတယ်။

Share

Loading Next Article...
က္က