AD
AD
AD

လက်ရှိ Facebook နဲ့ Facebook ပိုင် messaging apps တွေရဲ့ ပင်မconcept ဒီဇိုင်းကို တီထွင်ခဲ့တာ သူပဲ လို့ ပြောလာတာကတော့ Blackberry ပါ။ တစ်ခါက စမတ်ဖုန်းနယ်ပယ်မှာ ထင်ရှားတဲ့ နာမည်ကျော် BlackBerry ကတော့ နည်းပညာမူပိုင်ခွင့် ၇ ခု ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Facebook အပါအဝင် Instagram ၊ WhatsApp တို့ ကို တရားစွဲလိုက်ပြီ ဖြစ်ပါတယ်။

ကနေဒါအခြေစိုက် BlackBerry Ltd ဟာ BlackBerry Messenger ဆိုတဲ့ messaging app တစ်မျိုးကို ၂၀၀၅ ခုနှစ်မှာ စပြီး မိတ်ဆက်ခဲ့တာပါ။ BBM လို့ နာမည်ကြီးခဲ့တဲ့ ဒီ  app ရဲ့ နည်းပညာနဲ့  feature ကို Facebook ဟာ WhatsApp နဲ့ Instagram app တွေမှာ သုံးထားခဲ့တယ် ဆိုပြီး တရားစွဲလိုက်တာ ဖြစ်ပါတယ်။ BlackBerry ရဲ့ နည်းပညာများဖြစ်တဲ့ ထူးခြားဆန်းသစ်တဲ့ လုံခြုံမှု ၊ UI ပိုင်း နဲ့ အဆင့်မြင့် လုပ်ဆောင်ချက်များကို Facebook ဘက်က သုံးထားတယ်လို့ ယခု တရားစွဲချက်မှာ ဖော်ပြထားတာပါ။

play

 

BlackBerry ဟာ ၂၀၁၆ ဒီဇင်ဘာလထဲမှာ BlackBerry အမှတ်တံဆိပ် စမတ်ဖုန်းများရဲ့ ဒီဇိုင်း ၊ ထုတ်လုပ်မှုနဲ့ ရောင်းချမှု ဆိုင်ရာ မူပိုင်ခွင့်များကို တရုတ်ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်တဲ့ TCL ကို ရောင်းချခဲ့တာ ဖြစ်ပြီး BlackBerry Limited အနေနဲ့ ကုမ္ပဏီရဲ့ ဆော့ဖ်ဝဲလ်နဲ့ မိုဘိုင်း security products တွေကို ဆက်လက် တာဝန်ယူကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ BlackBerry ကုမ္ပဏီဟာ သုံးစွဲသူ ကိုယ်ရေးကိုယ်တာဆိုင်ရာ ကာကွယ်မှု ၊ မိုဘိုင်းလ်ဂိမ်းနဲ့ စာပို့ စနစ်များအပြင် ထူးခြားကွဲပြားတဲ့ UI ပိုင်းတွေအတွက် cryptographic နည်းပညာများကို မူပိုင်ခွင့်တင်ထားတာ ဖြစ်ပါတယ်။

 

BlackBerry ရဲ့ တရားစွဲမှုကို Facebook ဘက်ကနေ ပြန်လည် ခုခံသွားမယ်လို့ လည်း ကြေငြာထားပါတယ်။ BlackBerry ဟာ OS စနစ် ၊ နက်ဝါ့ခ်ဖွဲ့ စည်းပုံ ၊ အသံစနစ် ၊ စာပို့ ခြင် ၊ ဆိုင်ဘာလုံခြုံရေးနဲ့ ကြိုးမဲ့ဆက်သွယ်ရေးအပါအဝင် နည်းပညာမူပိုင်ခွင့်ပေါင်း ၄၀၀၀၀ ကျော် တင်ထားပြီး ဒီနည်းပညာတွေကို ယူသုံးနေတဲ့ ကုမ္ပဏီများဆီကနေ လိုင်စင်ကြေး ကောက်ခံသွားဖို့ လည်း ကြိုးစားနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD