Tech News: Firefox မှ လာမည့် စက်တင်ဘာ အထိ Windows XP နှင့် Vista တို့ ကို support ပေးသွားမည်

စက်တင်ဘာလ နောက်ဆုံးထားပြီး support ပေးသွားမှာပါ။

play

 

Web browser အတော်များများဟာ Windows XP နှင့် Vista တို့ ကိုသုံးခွင့်မပြုတော့ပေမယ့် Firefox ကတော့ support ပေးနေဆဲပါ။ Mozilla ရဲ့ နောက်ဆုံးထွက် ဆော့ဖ်ဝဲလ်ဟာ ဆယ်စုနှစ်တစ်ခုကြာသွားပြီ ဖြစ်တဲ့ Window ဟောင်းသုံး PC များအတွက် ဒီနေ့ အထိ အလုပ်ဖြစ်နေသေးတယ်ဆိုပေမယ့်လည်း XP နှင့် Vista တို့ ကို ကာလအကန့် အသတ်နဲ့ ပဲ သုံးလို့ ရအောင် support လုပ်ပေးတော့မှာ ဖြစ်ပါတယ်။ လာမယ့်နှစ်ကနေ စတင်ပြီး ဒီ Windows များအတွက် Firefox မှ ဝန်ဆောင်မှုပေးတာကို ဖြည်းဖြည်းချင်း ရပ်ဆိုင်းတော့မှာပါ။ ၂၀၁၇  မတ်လထဲမှာ ဒီ OS သုံးစွဲသူများအတွက် သီးသန့် Extended Support တစ်ခု ထုတ်ပေးသွားမှာဖြစ်ပြီး ဒီအတွင်းမှာလည်း ယင်း OS အတွက် updates များတင်ဖို့ ကို ကန့် သတ်တော့မှာပါ။ ကုမ္ပဏီအနေနဲ့  လာမယ့်နှစ်လယ် စက်တင်ဘာလကို နောက်ဆုံးထားပြီး support လုပ်သွားမယ်ဆိုပေမယ့် နောက်ဆုံးထွက် လုံခြုံရေး updates များကို ရပ်ဆိုင်းပြီးမှ လက်စသတ်နိုင်တော့မှာ ဖြစ်ပါတယ်။

 

ဒီတော့ စက်တင်ဘာထဲမှာ XP နှင့် Vista တို့ ကို အကုန်အစင် ရပ်ဆိုင်းနိုင်ဖို့ မမြင်ပါဘူး။ လုံခြုံရေးယိုပေါက်များကို ရှောင်ရှားဖို့ ခက်နေမယ်ဆိုရင် ဒီ OS ပလက်ဖောင်းတွေမှာ Firefox ကို ဆက်သုံးဖို့  မဖြစ်နိုင်ပါဘူး။ ၁၀ နှစ်ကျော် သက်တမ်းကြာနေတဲ့ OS သုံးပြီး ဝက်ဘ်ရဲ့ လုံခြုံရေးကို ပူပန်မယ့် သူလည်း သိပ်တော့ များများစားစားရှိနေမှာ မဟုတ်လို့ ထိခိုက်နစ်နာမှု သိပ်မရှိနိုင်ပါဘူး။ သို့ သော်လည်း လက်ရှိ OS နဲ့ ပဲ သုံးနေပြီး Windows နောက်ထွက် ဗားရှင်းသစ်များကို အဆင့်မြှင့်တင်မှုမလုပ်ရင်တော့ ပြဿနာ ရှိနိုင်ပါတယ်။ ဒီတော့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ နောက်နှစ်မှာ ခေတ်မီတဲ့ အင်တာနက်သုံးလိုသူများအတွက်တော့ OS သစ်တစ်ခု ပြောင်းသုံးဖို့ စဉ်းစားရတော့မှာပါ။

 

Source: Mozilla

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ