သီတင်းပတ် ၈ ပတ်အတွက် ဆုကြေး ၈ သန်းပါ

လာမယ့်နှစ်မှာ ဒေါ်လာ သန်း ၁၀၀ တန် နိုင်ငံတကာ ဂိမ်းပြိုင်ပွဲကျင်းပသွားမယ့် Fortnite ကတော့ အခုကတည်းက စပြီး ဆုကြေးအမြင့်နဲ့ပြိုင်ပွဲတစ်ခု စတင်နေပါပြီ။

[No available link text] 

၈ ပတ်စာ ပြိုင်ပွဲ စီးရီးအနေနဲ့Summer Skirmish series ကို Fortnite ရေးဆွဲတဲ့ Epic Games ကနေ ကျင်းပသွားမှာပါ။ ဒီတစ်ပတ် ဇူလိုင် ၁၄ စနေနေ့မှာ ဒေါ်လာ ၂ သိန်းခွဲတန် အတွဲလိုက် Duos နဲ့စတင်သွားမှာ ဖြစ်ပြီး ဂိမ်းပွဲစဉ် ကြေငြာတဲ့ streamers နဲ့ပလေယာတွေ ရွေးသွားမယ်လို့ဆိုပါတယ်။

Epic Games ကတော့ တစ်ပတ်နဲ့တစ်ပတ် ပြိုင်ပွဲ အစီအစဉ်နဲ့ပြိုင်ဘက်တွေကို ပြောင်းသွားမယ်လို့ကြေငြာထားပါတယ်။ Fortnite ရဲ့ ပထမနှစ်မှာ လူတိုင်း ဝင်ပြိုင်နိုင်တယ်ဆိုပေမယ့် Summer Skirmish ပြိုင်ပွဲအစ်အတွက် ဖိတ်စာတွေ ပို့ပြီးသား ဖြစ်မှ ရမယ်လို့လည်း ဆိုပါတယ်။

ဒီပြိုင်ပွဲဟာ လာမယ့် သန်း ၁၀၀ တန် နိုင်ငံတကာ Epic Games ပြိုင်ပွဲရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပြီး လက်ရှိအချိန်အထိ Fortnite ဟာ iOS ဗားရှင်းသီးသန့်ပဲ ထွက်ထားတာပါ။ အရင်က Fortnite ကို Xbox One ၊ PC ၊ PlayStation 4 နဲ့ iPhone /iPad တို့မှာ ကစားနိုင်ပြီး အခုချိန်မှာတော့ Nintendo Switch နဲ့ပါ ကစားနိုင်ပြီ ဖြစ်သလို ပလေယာပေါင်း ၁၂၅ သန်းကျော်ဟာ ဒီဂိမ်းကို ကစားနေကြတယ်လို့ထုတ်ပြန်ထားပါတယ်။

Fortnite ကို ပြီးခဲ့တဲ့ နှစ် ဇူလိုင်လထဲမှာဖြန့်ချိထားတာ ဖြစ်ပြီး တစ်နှစ်အတွင်း ဒေါ်လာသန်း ၂၀၀ ကျော်ရှိခဲ့ပါတယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းမှာ ဒီဂိမ်းကို ဒေါင်းလုပ်ဆွဲမှုပေါင်း ၄၅ သန်း ကျော်ခဲ့ပြီး Nintendo Switch အတွက် ကစားနိုင်အောင် ဖြန့်ချိချိန်မှာ တစ်ရက်တည်းနဲ့ဒေါင်းလုပ်ဆွဲမှုပမာဏ ၂ သန်းကျော် အထိ ရောက်သွားခဲ့ပါတယ်။

photo: The Verge

 

အန်းဒရိုက်ဗားရှင်းအနေနဲ့Fortnite ကို မကြာခင် မိတ်ဆက်သွားဖို့ရှိပြီး iOS ပေါ်မှာ ဒီဂိမ်းရဲ့ Season 4 ကို ဖြန့်ချိန်က တစ်ရက်တည်းနဲ့ဝင်ငွေ ဒေါ်လာ ၂.၂ သန်းကျော် ဝင်ခဲ့တာ ဖြစ်လို့အန်းဒရိုက်ဈေးကွက်နဲ့ဆိုရင် Fortnite ဟာ နှစ်ကုန်ပိုင်းမှာ ဒေါ်လာ သန်း ၅၀၀ အထိ ဝင်ဖို့လည်း ရှိနေပါတယ်။

Share

Loading Next Article...
က္က