AD
AD
AD

ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲမှာ ဖြန့် ချိခဲ့တဲ့ Fortnite ကတော့ အောင်မြင်မှု အထွတ်အထိပ်ကာလကို ရောက်ရှိလာပြီလို့ ဆိုရမှာပါ။ ဒီဂိမ်းကို ဈေးကွက်မှာ ဖြန့် ချိပြီး ၁ နှစ်မပြည့်ခင်မှာပဲ လစဉ်ဒေါ်လာသန်း ၂၀၀ ကျော် ဝင်ထားပြီး ပလေယာပေါင်း ၁၂၅ သန်းကျော်နေပြီလို့ ဆိုပါတယ်။ ဒါတောင် iOS ဗားရှင်းသက်သက်ပဲ ထွက်ထားသေးတာပါ။

 

iOS ပေါ်မှာ ဒီဂိမ်းရဲ့ Season 4 ကို ဖြန့် ချိန်က တစ်ရက်တည်းနဲ့ ဝင်ငွေ ဒေါ်လာ ၂.၂ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ဒီဂိမ်းကို ဒေါင်းလုပ်ဆွဲတဲ့အကြိမ်ရေဟာ ၄၅ သန်းကျော်ခဲ့ပါတယ်။ Epic Games ကနေ ထုတ်တဲ့ Fornite ကို လစဉ်ကစားတဲ့သူ ဦးရေဟာ ပြီးခဲ့တဲ့ လကစပြီး သန်း ၄၀ ရှိလာခဲ့တယ်လို့ Epice မှာ ရှယ်ယာဝင်ထားတဲ့ တရုတ်ဂိမ်းကုမ္ပဏီ Tencent က ကြေငြာခဲ့ပါတယ်။ Tencent ဟာ Epic Games မှာ ရှယ်ယာ ၄၀% ဝယ်ယူထားတာ ဖြစ်လို့ ဒီကုမ္ပဏီကိုလည်း Tencent ကပဲ ပိုင်တာလို့ ဆိုပါတယ်။

Fortnite ကို ဇူလိုင်လထဲမှာ ဖြန့် ချိခဲ့တာ ဆိုပေမယ့် battle royale game mode ကတော့ စက်တင်ဘာလရောက်မှ ဖြန့် ချိနိုင်တာပါ။ ဒီ game mode နဲ့ ပတ်သက်ပြီး Fortnite ဟာ PUBG ရဲ့ game play ကို ယူထားတယ်ဆိုပြီး တရားရင်ဆိုင်နေရပါတယ်။ Fortnite ကတော့ ဂိမ်းထဲမှာပါတဲ့ items တွေနဲ့ Battle pass ရောင်းအားတွေကနေ ဝင်ငွေတဟုန်းထိုး မြင့်တက်နေပြီး ဧပြီတစ်လတည်းနဲ့ ဒေါ်လာ ၂၉၆ သန်း ဝင်ခဲ့တယ်လို့ Super Data Research ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ Fortnite ဟာ ယခုလကုန်ပိုင်းလောက်မှာ Android Version အဖြစ် မိတ်ဆက်သွားမှာ ဖြစ်ပြီး Epic ဟာ မိုဘိုင်းလ်ပလက်ဖောင်းပေါ်က ပလေယာတွေအတွက် ဂိမ်းကို အဆင့်မြှင်တင်မှုတွေ လုပ်သွားမယ်လို့ လည်း ကြေငြာထားပါတယ်။

play

 

နောက်နှစ်အတွက် Fortnite ရဲ့ အစီအစဉ်အနေနဲ့ ပလေယာတွေအတွက် စိတ်လှုပ်ရှားစရာ e-Sports ပြိုင်ပွဲတစ်ရပ် ကျင်းပပေးသွားမှာပါ။ ဆုကြေး ဒေါ်လာ သန်း ၁၀၀ သတ်မှတ်ထားတဲ့ Fortnite World Cup ပြိုင်ပွဲဟာ ကမ္ဘာကျော် အွန်လိုင်းဂိမ်းပြိုင်ပွဲတစ်ခု ဖြစ်လာဖို့ ရှိပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD