ဆော်ဒီမှာလည်း ဒါမျိုး ဖြစ်ထားပါတယ်။

"ရင်သပ်ရှုမောဖွယ် ရုပ်ရှင်ဆန်တဲ့ အတွေ့အကြုံ" ဆိုပြီး Samsung Galaxy Note 9 ရဲ့ display အကြောင်း Twitte မှာ ကြေငြာခဲ့ပေမယ့် tweet ကို iPhone နဲ့တင်ခဲ့တာက တကယ့်ဝိရောဓိပါပဲ။

[No available link text] 

နိုင်ဂျီးရီးယား Samsung Mobile ရဲ့ Twitter အကောင့်ကနေ Samsung Galaxy Note 9 ရဲ့ Super AMOLED display ကြော်ငြာကို Twitter မှာ တင်ခဲ့တာပါ။ SamsungMobileNG အကောင့်ကနေ တင်ခဲ့တာ ဖြစ်ပြီး တင်ခဲ့တဲ့ Tweet အောက်မှာ iPhone ကနေ Twitter သုံးတဲ့ အမှတ်အသားပါခဲ့တာ ဖြစ်ပါတယ်။

နာမည်ကြီး အမေရိကန် YouTuber မားကွက်စ် ဘရောင်လီကနေ ဒီကမောက်ကမဖြစ်ရပ်ကို Tweet မှာ တင်ပြီးနောက် Samsung ဟာ ဒီ tweet ကို ဖျက်ခဲ့သလို SamsungMobileNG အကောင့်တစ်ခုလုံးကိုပါ ဖျက်ပစ်ခဲ့တယ်လို့ဆိုပါတယ်။ အခုချိန်မှာတော့ @SamsungMobileNG အကောင့်ကို Twitter မှာ ရှာလို့မတွေ့တော့ပါဘူး။

Samsung ရဲ့ အဓိကပြိုင်ဘက် Apple ဟာ ၂၀၁၇ ထုတ် iPhone X ကစပြီး iPhone XS နဲ့XS Max လို တန်ဖိုးကြီး မော်ဒယ်ဖုန်းသစ်တွေမှာ OLED display တွေကို သုံးလာပြီး စမတ်ဖုန်း display လောကမှာ ထိပ်ဆုံးကနေ ရပ်တည်နေတဲ့ Samsung ကို ယှဉ်ဖိုက်လာတာပါ။ iPhone XS Max ရဲ့ display ကတော့ DisplayMate ကနေ ပေးတဲ့ အကောင်းဆုံး စမတ်ဖုန်း display ဆုပါ ရထားပါတယ်။

Samsung display ကြော်ငြာကို iPhone သုံးပြီး Twitter မှာ ကြေငြာခဲ့တာမျိုးကို မကြာသေးမီက ဆော်ဒီနိုင်ငံက Samsung အကောင့်မှာလည်း ကြုံခဲ့ပါတယ်။ Samsung လိုမျိုး ဖြစ်ရပ်ကို Huawei Mate 10 Pro မှာလည်း ကြုံခဲ့ပါတယ်။ ထိုအချိန်က Wonder Woman မင်းသမီး ဂယ်လ်ဂတ်ဒေါ့ဟာ iPhone ကနေ Tweet တင်ပြီး Huawei Mate 10 pro ကို ချီးကျူးခဲ့တာပါ။

Photo: Phone Arena

 

ပြီးခဲ့တဲ့ ၂ နှစ်ကျော် ၂၀၁၆ ဖေဖော်ဝါရီလထဲမှာ သမ္မတထရမ့်ဟာ Appleကို သပိတ်မှောက်ကြဖို့iPhone ကနေ Tweet ရေးပြီး လှုံ့ဆော်ခဲ့ဖူးပါတယ်။

Share

Loading Next Article...
က္က