AD
AD
AD
play

 

Samsung Myanmar ကနေပြီး Samsung Galaxy S9 နှင့် S9+ တို့ကို မတ်လ၊ ၆ ရက်နေ့က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်မှာ စာနယ်ဇင်းမီဒီယာတွေကို ဖိတ်ကြားပြီး တရားဝင် မိတ်ဆက်လိုက်ပါတယ်။ အဆိုပါ စမတ်ဖုန်းတွေကို သုံးစွဲသူတွေကို အသစ်သစ်သော ခံစားမှုအတွေ့အကြုံများကို ပေးစွမ်းနိုင်အောင် Samsung က ဖန်တီးထုတ်လုပ်လိုက်တာပဲ ဖြစ်ပါတယ်။

Samsung ရဲ့ အဆင့်မြှင့်တင်ထားတဲ့ ကင်မရာပါဝင်တဲ့ Galaxy S9  နဲ့ S9+ တို့ဟာ ရုပ်ပုံတွေ၊ emoji စတစ်ကာတွေနဲ့ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်မှု အများဆုံးပြုလုပ်တဲ့ အသက်အရွယ်ပိုင်းခြားတွေအတွက် ရည်ရွယ်ထားတာ တွေ့ရပါတယ်။ ဆန်းသစ်ထားတဲ့ low light ကင်မရာအား စွမ်းအင်ဖြည့်ပေးထားတဲ့ အလင်းဝင်ပေါက် ၂ ခုပါ မှန်ဘီလူး၊ Super Slow-mo ဗီဒီယိုတွေ ရိုက်နိုင်တဲ့ စွမ်ရည်တွေ နဲ့  မိမိတို့ စိတ်ကြိုက် ပြုလုပ်နိုင်တဲ့ AR Emoji ပါဝင်တဲ့ Galaxy S9 နဲ့ S9+ တို့ဟာ သုံးစွဲသူတွေကို အမှတ်တရ အခိုက်အတန့်တိုင်း တစ်ချက်မှ လက်မလွတ်စေဘဲ နေ့စဉ်ဘဝကို တမူထူးခြားစေမှာ ဖြစ်ပါတယ်။

AKG မှ စွမ်းရည်ပြည့် stereo စပီကာတွေပါဝင်ပြီး Dolby Atmos နဲ့ စွဲမက်နစ်မြောဖွယ်ရာ အသံ အပါအဝင် ဆန်းသစ် ထားတဲ့ edge-to-edge အဆုံးအစမဲ့မျက်နှာပြင် ပါဝင်တဲ့ Galaxy S9 နဲ့ S9+ တို့ဟာ Samsung ရဲ့ ကိုယ်ပိုင်ဒီဇိုင်း အမွေအနှစ်တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S9 နဲ့ S9+ တို့မှာ Samsung ရဲ့ လက်ရှိ IoT ဝန်ဆောင်မှုတွေကို အဆင့်မြင့် အတွေ့အကြုံတွေ ပေးစွမ်းနိုင်တဲ့ SmartThings app လည်းပါဝင်ပါတယ်။

play

 

“ကျွန်တော်တို့ တစ်ဦး နှင့် တစ်ဦး ဆက်သွယ်ပြောဆိုပုံ၊ မိမိတို့ရဲ့ ခံစားချက်တွေကို အများနဲ့မျှဝေပုံတွေက နေ့စဉ်နဲ့အမျှ ပြောင်းလဲလျက်ရှိပါတယ်။ ကျွန်တော်တို့ရဲ့ သာမန်မျက်လုံးတွေမြင်ရတာထက် ပိုပြီးမြင်နိုင်ပြီး ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာမြေကိုတွေ့ကြုံခံစားတဲ့ နည်းလမ်းတွေကို ပြောင်းလဲပေးပြီး အမှတ်တရ အခိုက်အတန့်တွေကို ဖမ်းယူသိမ်းဆည်းပေးနိုင်တဲ့ ကင်မရာတစ်လုံးကို စိတ်ကူးထဲမှာပုံဖော်ကြည့်လိုက်ပါ။” လို့ Samsung Myanmar ၏ Head of IT and Mobile ကိုဇာနည်ဝင်းထက် က ပြောပါတယ်။

“အခု Galay S9 နဲ့ S9+ ရဲ့ တမူထူးခြားတဲ့ လုပ်ဆောင်ချက်တွေကို မြန်မာနိုင်ငံက ကျွန်တော်တို့တန်ဖိုးထားရတဲ့ သုံးစွဲသူ ကို အခုလိုမိတ်ဆက်နိုင်ပြီဖြစ်တဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံမှာ Samsung အနေနဲ့ စတင်ဝင်ရောက်တဲ့ အချိန်ကစပြီး အရည်အသွေးမြင့် စမတ်ဖုန်းဈေးကွက်ကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။ ဒီလို အရည်အသွေးမြင့်စမတ်ဖုန်းဖြစ်တဲ့ အလျောက် ကျွန်တော်တို့ရဲ့  Samsung သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုတွေကိုအမြဲနားထောင်နေပြီး နိုင်ငံတစ်ဝန်းအကောင်းဆုံး ဝန်ဆောင်မှုတွေပေးနိုင်အောင် အစဉ်အမြဲကြိုးစားလျက်ရှိပါတယ်။” လို့လည်း ၎င်းကဆက်လက်ပြောကြားခဲ့ပါသေးတယ်။

Galaxy S9 နှင့် S9+ ကင်မရာတွေကို အရည်အသွေးမြင့် ရုပ်ပုံတွေနဲ့ အံ့မခန်းဖွယ်ရာ ရိုက်ချက်တွေ ရိုက်ယူနိုင်ဖို့ စွမ်းဆောင်နိုင်ရည် နဲ့ မှတ်ဥာဏ်သိမ်းဆည်းမှုတွေနဲ့အတူ အလွန်လျင်မြန်တဲ့ Dual Pixel အာရုံခံစနစ် အပါအဝင် တမူထူးခြားတဲ့ လုပ်ဆောင်ချက်တွေနဲ့ ဖန်တီးပေးထားပါတယ်။

Galaxy S9 နှင့် S9+ ကင်မရာလုပ်ဆောင်ချက်တွေမှာ Super Slow-mo၊ Low Light ကင်မရာ၊ AR Emoji (လက်တွေ့ဘဝပုံစံကဲ့သို့ စိတ်တိုင်းကျဖန်တီးနိုင်သည့် emoji) နဲ့ Bixby (Samsung ၏ အဆင့်မြင့် ပလက်ဖောင်း) တို့ကို ထည့်သွင်းထားတာ တွေ့ရမှာပါ။

 မြန်မာနိုင်ငံက Samsung ချစ်သူတွေအနေနဲ့ Galaxy S9 နှင့် S9+ ကို မတ်လ ၁ ရက်နေ့ မှ မတ်လ ၁၄ ရက်နေ့၊ ၂၀၁၈ အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) Pre Order စနစ်နဲ့ ကြိုတင်မှာယူနိုင်ပြီး ကြိုတင်မှာယူလိုသူတွေအနေနဲ့ ရန်ကုန်မြို့ နဲ့ မန္တလေးမြို့ အပါအဝင် မြို့ ကြီး ၃၆ မြို့ ရှိ အနီးစပ်ဆုံး Samsung အရောင်းဆိုင်တွေနဲ့ လက်လီဆိုင်ကြီးတွေမှာ စရန်ငွေ ၅၀,၀၀၀ ကျပ်ပေးသွင်းကာ ကြိုတင်မှာယူနိုင်ပါတယ်။

play

 

ဒါ့အပြင် Samsung Myanmar ကြိုတင်မှာယူမှုစနစ်ကို ပိုမိုလွယ်ကူစေဖို့အတွက် မြန်မာနိုင်ငံရဲ့ အကြီးဆုံးအွန်လိုင်းစတိုးတစ်ခုဖြစ်တဲ့ Shop.com.mm မှတစ်ဆင့်လည်း စရန်ငွေပေးသွင်းရန်မလိုအပ်ဘဲ ကြိုတင်မှာယူနိုင်ပါတယ်။ Shop.com.mm ကတစ်ဆင့်ကြိုတင်မှာယူသူတွေကို မတ်လ ၁၉ ရက်နေ့မှစပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသွားမှာပါ။  Samsung အရောင်းဆိုင်တွေနဲ့ လက်လီဆိုင်ကြီးတွေမှာ ကြိုတင်မှာယူသူတွေကတော့ အဲဒီနေ့မှာပဲ  ကိုယ်ကြိုတင်မှာယူခဲ့တဲ့ ဆိုင်တွေမှာ သွားရောက်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ကြိုတင်မှာယူသူတွေအတွက် အထူးအခွင့်အရေးအနေနဲ့ ကျပ် ၃၀၀,၀၀၀ တန်ဖိုးရှိ အထူးလက်ဆောင်တွေ ပေးအပ်သွား မယ်လို့လည်း သိရပါတယ်။

Galaxy S9 နဲ့ S9+ ကို မြန်မာနိုင်ငံဈေးကွက်မှာ မတ်လ ၂၃ ရက်၊ ၂၀၁၈ မှစတင် ဝယ်ယူရရှိနိုင်မှာပါ။ Galaxy S9 ကို 64GB နဲ့ အမည်းရောင်တစ်မျိုးတည်းသာ ရရှိနိုင်ဦးမှာဖြစ်ပြီး ဈေးနှုန်းကတော့ ၁,၀၉ ၀,၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ Galaxy S9+ ကို အမည်းရောင်၊ အပြာရောင် နှင့် အရောင်သစ် ခရမ်းရောင်ဆိုပြီး အရောင် သုံးရောင် နဲ့ အတူ မတူညီတဲ့ သိုလှောင်သိမ်းဆည်းနိုင်မှုပမာဏ နှစ် မျိုးအဖြစ် 128 GB ကို ဈေးနှုန်း ၁,၂၇၉,၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ 256 GB ကို ဈေးနှုန်း ၁,၄၀၀,၀၀၀ ကျပ်ဖြင့် လည်းကောင်း နှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်မှာပါ။ Galaxy S9 နှင့် S9+ ဝယ်ယူသုံးစွဲသူတွေ အနေနဲ့ အထူးခံစားခွင့်တွေပါဝင်တဲ့ Premium Care ဝန်ဆောင်မှုကိုလည်း ရရှိနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD