Tech News: Galaxy S9 မှာ သုံးသွားဖို့ ရှိတဲ့ processor သစ်ကို Samsung ကြေငြာ

Exynos 9 Series 9810 processor ကို Galaxy S9 စီးရီးမှာ စတင်သုံးသွားဖို့ ရှိပါတယ်။

၂၀၁၈ ခုနှစ်အတွက် flagship စမတ်ဖုန်းသစ်တွေမှာ သုံးသွားမယ့် processor သစ်ကို Samsung မှ ကြေငြာသွားပါတယ်။ ဒီ processor ဟာ Samsung ကုမ္ပဏီရဲ့ ကိုယ်ပိုင်ထုတ်ကုန်ဖြစ်ပြီး အမေရိကန်ဈေးကွက်ဝင် ထုတ်ကုန်တွေကလွဲရင် တစ်ခြားကမ္ဘာ့ဈေးကွက်မှာ ဒီ processor ကို သုံးသွားမှာပါ။

play

 

လောလောလတ်လတ် မိတ်ဆက်လိုက်တဲ့ Exynos 9 Series 9810 processor ကို Galaxy S9 စီးရီးမှာ စတင်သုံးသွားဖို့ ရှိပါတယ်။ Exynos 9810 processor ဟာ တတိယမျိုးဆက် CPU cores ပါရှိပြီး ဂရပ်ဖစ်ပိုင်းအတွက် GPU ကိုလည်း အဆင့်မြှင့်တင်ထားတယ်လို့ ဆိုပါတယ်။ ဒီချပ်စ်အသစ်မှာတော့ Samsung ကုမ္ပဏီရဲ့ ပထမဆုံး Gigabit 4G Lte modem ပါလာမယ်လို့ လည်း Samsung က ပြောထားပါတယ်။

 

Gigabit modem ပါလာမှာ ဖြစ်လို့ ဒေါင်းလုပ် speed ကို 1.2Gbps အထိ ဆွဲနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီ processor နဲ့ ပတ်သတ်ပြီး တစ်ခြားအချက်အလက် အသေးစိတ်တော့ မသိရသေးပါဘူး။ Samsung ဟာ Exynos 9810 chipset သစ်ကို CES 2018 Innovation Awards ဆုအတွက် ကုမ္ပဏီရဲ့ နောက်ဆုံးထွက် ထုတ်ကုန် ၃၆ မျိုးစာရင်းမှာ ချိတ်နိုင်ဖို့ ကြေငြာခဲ့တာပါ။ Exynos 9810 SoC နဲ့ ပတ်သတ်ပြီး အသေးစိတ်ထုတ်ပြန်ချက်ကိုတော့ မကြေငြာရသေးပါဘူး။

play
Galaxy S9 concept design

 

လက်ရှိ Samsung ရဲ့ flagship ဖုန်းတွေ ဖြစ်တဲ့ Galaxy S8 ၊ S8 Plus နဲ့ Galaxy Note 8 တို့ မှာဆိုရင် Exynos 8895 chipset ကို သုံးထားပါတယ်။ အမေရိကန်ဈေးကွက်ကို တင်ပို့ တဲ့ Galaxy S8/ S8 Plus နဲ့ Galaxy Note 8 တို့ မှာတော့ Qualcomm ရဲ့ Snapdragon 835 chipset ကို ထည့်သုံးထားတာပါ။ Galaxy S9 စမတ်ဖုန်းစီးရီးသစ်ကိုတော့ လာမယ့် ဖေဖော်ဝါရီ MWC ပွဲမှာ မိတ်ဆက်သွားဖို့ ရှိနေပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ