AD
AD
AD

Ooredoo မှ Main Sponsor အဖြစ် ကြီးမှူးကျင်းပနေတဲ့ Galaxy Star Myanmar 2017 သီချင်းဆိုပြိုင်ပွဲအတွက် SMS voting ကနေ ရရှိလာတဲ့ အမြတ်ငွေကို ပညာရေးဆိုင်ရာ လူမှုအကျိုးပြုအစီအစဉ်အဖြစ် ကယားပြည်နယ် စာသင်ကျောင်းဆောင်တစ်ခုမှာ လှူဒါန်းသွားခဲ့ပါတယ်။

play

 

Galaxy Star Myanmar 2017 အဆိုပြိုင်ပွဲကို SMS voting မဲပေးမှုကနေ Ooredoo ဟာ ကျပ်သိန်း ၃၂၀ အမြတ်ငွေ ရရှိခဲ့ပြီး ဒီထဲကမှ သိန်း ၅၀ ကို ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်၊ ထီးပွင့်ကန်တောင်တန်းသာသနာပြုဌာနရှိ အမှတ် ၄ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း စာသင်ကျောင်းဆောင် ဆောက်လုပ်ရေးမှာ ထည့်ဝင်လှူဒါန်းသွားခဲ့တာပါ။ ယခုအစီအစဉ်ဟာ Ooredoo ရဲ့ မိဘမဲ့ကလေးများနဲ့ နွမ်းပါးချို့ တဲ့သူ ကလေးငယ်များရဲ့ ပညာရေးဖွံ့ ဖြိုးတိုးတက်မှုဆိုင်ရာ ပံ့ပိုးရေး အစီအစဉ်တစ်ခုဖြစ်ပြီး စတုတ္ထအကြိမ် လှူဒါန်းမှုလည်း ဖြစ်ပါတယ်။

Ooredoo အနေနဲ့ Galaxy Star ပြိုင်ပွဲ SMS ဝင်ငွေအားလုံးကို လူမှုကူညီရေးအသင်းများထံ လှူဒါန်းသွားဖို့ ရည်မှန်းထားပြီး ကျြိုက်ဝိုင်း လူငယ်သင်တန်းကျောင်း ၊ နန်းရွှေပြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ ရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့ နယ်၊ အိုင်ဝိုင်းကျေးရွာ မေတ္တာရှင် အမျိုးသမီး မိဘမဲ့ ပရဟိတဂေဟာတို့ မှာလည်း လှူဒါန်းပြီး ဖြစ်တယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD