AD
AD
AD

Ooredoo Myanmar မှ Main Sponsor အဖြစ် ဆောင်ရွက်ခဲ့တဲ့ Galaxy Star Myanmar 2017 ပြိုင်ပွဲအတွက် SMS မဲပေးမှုကနေ ရရှိလာတဲ့ ငွေထဲကတစ်ချို့ ကို ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှာ နိုဝင်ဘာလ  ၅ ရက်နေ့ က လှူဒါန်းသွားခဲ့ပါတယ်။

play

 

တတိယအကြိမ်မြောက် လူမှုအကျိုးပြုလုပ်ငန်းတစ်ခုအဖြစ် ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းမှာ လှူဒါန်းရာမှာ Ooredoo ရဲ့ မြန်ဆန်တဲ့ အင်တာနက်ကွန်ရက်ချိတ်ဆက်ပေးမှုနဲ့ အတူ ကွန်ပျူတာသင်တန်းခန်းမဆောင်တစ်ခု တည်ဆောက်နိုင်ဖို့ ပံ့ပိုးပေးခဲ့တာလည်း ဖြစ်ပါတယ်။ Ooredoo Myanmar ဟာ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းအတွက် ကွန်ပျူတာသင်တန်းခန်းမအပြင် သင်တန်းသားလူငယ်များ စိတ်ပိုင်းဆိုင်ရာ နိုးကြားလှုံ့ ဆော်ပေးနိုင်ဖို့ နိုင်ငံ့ဂုဏ်ထူးဆောင် ONE Middleweight World Champion အောင်လအန်ဆန်ကို ပါ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားပြီး ဟောပြောစေခဲ့တယ်လို့ သိရပါတယ်။

play

 

Galaxy Star 2017 ပြိုင်ပွဲမှာ Ooredoo ဟာ SMS voting ကနေ တစ်ဆင့် ငွေကျပ်သိန်း ၃၂၀ ခန့် ရရှိခဲ့ပြီး ဒီထဲကမှ သိန်း ၁၀၀ ကျပ်ကို  နန်းရွှေပြည်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အဆောက်အဦဆောက်လုပ်ရေးအတွက် လှူဒါန်းခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့ နယ်၊ အိုင်ဝိုင်းကျေးရွာ မေတ္တာရှင် အမျိုးသမီး မိဘမဲ့ ပရဟိတဂေဟာအတွက် ကလေးကစားကွင်း ဆောက်လုပ်ဖို့ ကျပ်သိန်း ၅၀ လှူဒါန်းခဲ့တာပါ။

 

ယခုလှူဒါန်းမှုဟာ Galaxy Star 2017 အတွက် SMS မဲပေးမှုမှ ရရှိငွေကနေ လူမှုအကျိုးပြုလှူဒါန်းလုပ်ငန်းအတွက် တတိယအကြိမ်မြောက်လှူဒါန်းမှုလည်း ဖြစ်ပါတယ်။ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းဟာ အသက် ၁၀ နှစ်မှ ၁၈ နှစ်အကြား ကလေးလူငယ် ၉၇ ဦးကို ပညာရေးနဲ့ အားကစားအပါအဝင် အသက်မွေးမှုပညာရပ်များ လေ့ကျင့်သင်ကြားပေးနေသလို စာရိတ္တပိုင်းအတွက် ဆွေးနွေးသင်ကြားပေးနေတဲ့ သင်တန်းကျောင်းတစ်ခု ဖြစ်တယ်လို့ လည်း သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD